ခင်ပွန်းဖြစ်သူကို စိတ်ကုန်လာ၍ တစ်ယောက်တည်း စိတ်ပြေလက်ပျောက် ကားမောင်းရင်း ခရီးထွက်ခဲ့သော အမျိုးသမီး

ခင်ပွန်းဖြစ်သူကို စိတ်ကုန်လာ၍ တစ်ယောက်တည်း စိတ်ပြေလက်ပျောက် ကားမောင်းရင်း ခရီးထွက်ခဲ့သော အမျိုးသမီး

လောကကြီးတွင် အိမ်ထောင်ကျပြီး၍ နှစ်တွေအတော်ကြာလာပြီး ကိုယ့်အပေါ်တကယ် ကောင်းမကောင်း တစ်ယောက်အကြောင်းလည်း တစ်ယောက်ပိုသိလာ၍ စိတ်ပျက်ငြီးငွေ့တာမျိုးတွေ ဖြစ်လာတတ်သည်။

သို့ဖြစ်၍ တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှ To Dan အမည်ရှိသော အသက် ၅၆နှစ်အရွယ် အိမ်ထောင်သည် အမျိုးသမီးကြီးသည် နှစ်အတော်ကြာ ပေါင်းလာခဲ့သော ခင်ပွန်းဖြစ်သူကို စိတ်ကုန်လာ၍ ထွက်ပေါက်ရှာသည့်အနေနှင့် စိတ်ပြေလက်ပျောက် တစ်ယောက်တည်း ကားမောင်းရင်း ခရီးပတ်ထွက်ပစ်လိုက်သည်။

အမျိုးသမီးကြီးသည် သူမဖက်ကနေ ခင်ပွန်းအပေါ် မိသားစုအပေါ်တွင် ကောင်းမွန်စွာ ရက်ရောစွာ ပြုစုလုပ်ဆောင်ပေးခဲ့သော် တစ်ချိန်လုံး လုပ်မကျွေးသည့်အပြင် ငွေရေးကြေးရေးအတွက်လည်း လိုက်တွန့်တိုနေ၍ အတော်လေး စိတ်ပျက်ခဲ့ရသည်။

ထို့ကြောင့် အမျိုးသမီးကြီးသည် စိတ်သက်သာစေမည့် အကြံတစ်ခုကို စဉ်းစားမိပြီး တစ်ယောက်တည်း ခရီးထွက်ခဲ့ရာ အလွန်စိတ်ချမ်းသာမှုကို ရခဲ့ပြီး ကိုယ့်ကိုယ်ကို တဖန်ပြန်တန်ဖိုးထားချစ်ရမည်ကို သိခဲ့ရသည်။

ထိုအဖြစ်အပျက်သည် လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့ပြီး အများမှ အိမ်ထောင်ရေးအဆင်မပြေသည့်အခါ ကွာရှင်းပြတ်စဲမည့် နည်းလမ်းကို မသုံးပဲ ကိုယ့်ကိုယ်ကို အနားယူလိုက်ခြင်းက နည်းလမ်းကျသည်ဆိုပြီး အမျိုးသမီးကြီးဧ။် လုပ်ရပ်အား ချီးမွမ်းခဲ့ကြသည်။

Zawgyi

ခင္ပြန္းျဖစ္သူကို စိတ္ကုန္လာ၍ တစ္ေယာက္တည္း စိတ္ေျပလက္ေပ်ာက္ ကားေမာင္းရင္း ခရီးထြက္ခဲ့ေသာ အမ်ိဳးသမီး

ေလာကႀကီးတြင္ အိမ္ေထာင္က်ၿပီး၍ ႏွစ္ေတြအေတာ္ၾကာလာၿပီး ကိုယ့္အေပၚတကယ္ ေကာင္းမေကာင္း တစ္ေယာက္အေၾကာင္းလည္း တစ္ေယာက္ပိုသိလာ၍ စိတ္ပ်က္ၿငီးေငြ႕တာမ်ိဳးေတြ ျဖစ္လာတတ္သည္။

သို႔ျဖစ္၍ တ႐ုတ္ႏိုင္ငံ ဟီနန္ျပည္နယ္မွ To Dan အမည္ရွိေသာ အသက္ ၅၆ႏွစ္အ႐ြယ္ အိမ္ေထာင္သည္ အမ်ိဳးသမီးႀကီးသည္ ႏွစ္အေတာ္ၾကာ ေပါင္းလာခဲ့ေသာ ခင္ပြန္းျဖစ္သူကို စိတ္ကုန္လာ၍ ထြက္ေပါက္ရွာသည့္အေနႏွင့္ စိတ္ေျပလက္ေပ်ာက္ တစ္ေယာက္တည္း ကားေမာင္းရင္း ခရီးပတ္ထြက္ပစ္လိုက္သည္။

အမ်ိဳးသမီးႀကီးသည္ သူမဖက္ကေန ခင္ပြန္းအေပၚ မိသားစုအေပၚတြင္ ေကာင္းမြန္စြာ ရက္ေရာစြာ ျပဳစုလုပ္ေဆာင္ေပးခဲ့ေသာ္ တစ္ခ်ိန္လုံး လုပ္မေကြၽးသည့္အျပင္ ေငြေရးေၾကးေရးအတြက္လည္း လိုက္တြန႔္တိုေန၍ အေတာ္ေလး စိတ္ပ်က္ခဲ့ရသည္။

ထို႔ေၾကာင့္ အမ်ိဳးသမီးႀကီးသည္ စိတ္သက္သာေစမည့္ အႀကံတစ္ခုကို စဥ္းစားမိၿပီး တစ္ေယာက္တည္း ခရီးထြက္ခဲ့ရာ အလြန္စိတ္ခ်မ္းသာမႈကို ရခဲ့ၿပီး ကိုယ့္ကိုယ္ကို တဖန္ျပန္တန္ဖိုးထားခ်စ္ရမည္ကို သိခဲ့ရသည္။

ထိုအျဖစ္အပ်က္သည္ လူမႈကြန္ယက္တြင္ ပ်ံ႕ႏွံ႔ခဲ့ၿပီး အမ်ားမွ အိမ္ေထာင္ေရးအဆင္မေျပသည့္အခါ ကြာရွင္းျပတ္စဲမည့္ နည္းလမ္းကို မသုံးပဲ ကိုယ့္ကိုယ္ကို အနားယူလိုက္ျခင္းက နည္းလမ္းက်သည္ဆိုၿပီး အမ်ိဳးသမီးႀကီးဧ။္ လုပ္ရပ္အား ခ်ီးမြမ္းခဲ့ၾကသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*