ခင်ပွန်းကို ကွာရှင်းပြီး ခင်ပွန်းပါသားနဲ့လက်ထပ်ကာ ၁လအတွင်း ကိုယ်ဝန်ဆောင်ခဲ့တဲ့ အမျိုးသမီး

ခင်ပွန်းကို ကွာရှင်းပြီး ခင်ပွန်းပါသားနဲ့လက်ထပ်ကာ ၁လအတွင်း ကိုယ်ဝန်ဆောင်ခဲ့တဲ့ အမျိုးသမီး

ရုရှားနိုင်ငံ Krasnodar Krai ပြည်နယ်မှ social influencer တစ်ဦးဖြစ်တဲ့ အသက် ၃၅နှစ်အရွယ် Marina Balmasheva အမည်ရှိအမျိုးသမီးဟာ ခင်ပွန်းပါသားနဲ့ရတဲ့ကိုယ်ဝန်ကို လွယ်ထားခဲ့တဲ့အတွက် အသက် ၄၅ နှစ်အရွယ် ခင်ပွန်းအား ချန်ရစ်ကာ ကွာရှင်းပစ်ခဲ့ပါတယ်။ Marina ဟာ အဆိုပါခင်ပွန်းဟောင်း Alexey နဲ့ သူ့ရဲ့သားဖြစ်တဲ့ Vladimir တို့နဲ့အတူ ၁၀နှစ်အကြာ အတူနေထိုင်ခဲ့တာပါ။

သို့ပေမဲ့ သူမဟာ Vladimir အတွက် Alexey နဲ့ ကွာရှင်းခဲ့ပြီး ပြီးခဲ့တဲ့နွေရာသီကမှ Vladimir နဲ့လက်ထပ်ခဲ့တဲ့သူမဟာ လက်ရှိမှာ ကိုယ်ဝန် ၈ လ ရှိနေပါပြီ။ဒေသခံမီဒီယာများအရ Instagram မှာ 526,000 follower ရှိတဲ့ Marina နဲ့ သူမရဲ့ခင်ပွန်းအသစ် Vladimir တို့ဟာ ကလေး ၄ယောက်ကို ကျွေးမွေးစောင့်ရှောက်နေခဲ့တဲ့ Alexey နဲ့ စကားမပြောကြကြောင်း ဖော်ပြထားပါတယ်။

Marina ဟာ ခင်ပွန်းဟောင်း Alexey နဲ့လက်ထပ်ထိမ်းမြားမှုက“ ရှင်သန်ခြင်းမဟုတ်ဘဲ ဟန်ဆောင်ခြင်း” လို့ဆိုပါတယ်။ Marina က သူမရဲ့မိသားစုကို ဖျက်ဆီးလိုက်တာကို နောင်တရလားလို့မေးရင် ဟုတ်သလို မဟုတ်ဘူးလို့လည်း ဖြေလို့ရပြီး မိခင်နဲ့ ဖခင်တို့ရဲ့တည်ရှိမှုကို သူမဖျက်ဆီးပစ်ခဲ့တာကိုတော့ ရှက်မိတယ်လို့ ဆိုပါတယ်။သူမရဲ့ခင်ပွန်းဟောင်းဆီကို ပြန်မသွားသလို သူ့ကိုလည်း မမုန်းပါဘူးလို့လည်း ဆိုခဲ့ပါတယ်။

“ Alexey က လူကောင်းတစ်ယောက်ဖြစ်ပြီး ကျွန်မတို့ကလေးအတွက် ကောင်းမွန်တဲ့အဖေတစ်ယောက်ပါ၊ ကလေးတွေအတွက် ကျွန်မတို့ရဲ့မိသားစုအပြောင်းအလဲက အေးဆေးပါဘဲ ” လို့ Marina ရဲ့ Instagram မှာ ခင်ပွန်းဟောင်းအကြောင်းကို ပြောပြခဲ့ပါတယ်။

ကွာရှငးပြီးနောက် Marina ဟာ သူမ ချစ်တဲ့သူနဲ့သူမကို အရမ်းချစ်တဲ့ Vladimir နဲ့ မြို့ပြကြီးမှာ ပြောင်းရွေ့နေထိုင်ခဲ့ကြပါတယ်။လက်ရှိမှာ သူမက “ Vladimir က ကျွန်မကို နားလည်ပေးသလို ကျွန်မတို့မှာ ကလေးတစ်ယောက်ရှိလာတော့မယ် ၊ တစ်ယောက်ထပ်မကလည်း ဖြစ်နိုင်တယ် ၊ သူ့နဲ့အတူ ခိုင်မာတဲ့အိမ်ထောင်ရေးဘဝကို တည်ဆောက်မှာပါ” လို့ Vladimir နဲ့အတူ တည်မြဲတဲ့အိမ်ထောင်ရေးကို တည်ဆောက်ဖို့ ကြိုးစားနေကြောင်း ဆိုခဲ့ပါတယ်။

ထို့အပြင် Vladimir က သူမကို ကျွေးမွေးဖို့ သူ့ခြေထောက်ပေါ်သူရပ်တည်နေနိုင်ပြီဖြစ်ပြီး သူမက Vladimirရဲ့စပွန်ဆာမဟုတ်ကြောင်း နှင့် သူမက Vladimir ကို ဘေးကနေ အပြည့်အဝထောက်ပံပေးသွားမယ်ဖြစ်ကြောင်း Marina က ပြောဆိုခဲ့ပါသေးတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*