ခက်ခဲဆင်းရဲလှသော အခြေအနေကြောင့် ဘဝတွင် တစ်ကြိမ်တစ်ခါမှ မင်္ဂလာမဆောင်ဖူးသေးသည့် အသက်၈၃နှစ်အရွယ် အဖိုးနှင့်အဖွားကို မမေ့နိုင်စရာ မင်္ဂလာပွဲလေး လုပ်ပေးခဲ့သည့် မြေးလေး

ခက်ခဲဆင်းရဲလှသော အခြေအနေကြောင့် ဘဝတွင် တစ်ကြိမ်တစ်ခါမှ မင်္ဂလာမဆောင်ဖူးသေးသည့် အသက်၈၃နှစ်အရွယ် အဖိုးနှင့်အဖွားကို မမေ့နိုင်စရာ မင်္ဂလာပွဲလေး လုပ်ပေးခဲ့သည့် မြေးလေး

လူသားအားလုံးတို့သည် ဆန္ဒနှင့် ဘဝမှာတော့ တစ်ထပ်တည်းကျရောက်နိုင်မည်မဟုတ်ပေ။အချို့သည် ဘဝပေးအခြေအနေကြောင့် ဘဝကို ပင်ပန်းစွာဖြင့် ရှင်သန်နေထိုင်ရန်ကြိုးပမ်းနေရပြီး အချို့သည်လည်း အပူအပင်ကင်းစွာဖြင့် ဘဝကို သက်သောင့်သက်သာ နေနိုင်ကြပါတယ်။

အသက်၈၄နှစ်အရွယ်အဖွားနှင့် အသက်၈၃နှစ်အရွယ် အဖိုးတြိ့ကတော့ တရုတ်နိုင်ငံ ကျန်းကျန်းပြည်နယ်တွင် ဘဝတစ်လျှောက်လုံးကို ပင်ပန်းစွာဖြင့် ဖြတ်သန်းလာခဲ့ရပါတယ်။

ထို့ကြောင့် သူတို့ဟာ မင်္ဂလာဆောင်ရန်ပင် ငွေကြေးမတတ်နိုင်ခဲ့သောကြောင့် မင်္ဂလာဆောင်ဖူးချင်သည့် ဆန္ဒလေးတွေရှိနေဆဲဖြစ်ပါတယ်။ထိုအကြောင်းအရာကို ရိပ်မိသွားတဲ့ မြေးလေးတစ်ဦးဟာ သူ၏အဖွားနှင့်အဖိုးတို့ကို အလွန်ခမ်းနားစွာဖြင့် မင်္ဂလာပွဲလေးကျင်းပပေးခဲ့ပါတယ်။

မြေးဖြစ်သူဟာ သူ၏အဖိုးနှင့်အဖွားအတွက် တိုက်ကြီးတစ်လုံးကို ငှားရန်းပြီး LEDမီးအလှများဆင်ကာ ညအချိန်တွင် ပျော်ရွင်ဖွယ်လေးကိုလည်း ဖန်တီးပေးခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*