
ကွေးကောက်နေတဲ့နာရွက်လေးနဲ့မို့ အထီးကျန်လွန်းတဲ့ဘဝကနေ ကယ်တင်ခြင်းခံလိုက်ရတဲ့ ခွေးမလေး
ကယ်ဆယ်ရေးအဖွဲ့မှ ချစ်စရာကောင်းပြီး အံ့သြဖွယ်ကောင်းတဲ့ Cinnamon နားရွက်နဲ့ ခွေးမလေးကိုကယ်တင်ခဲ့ပြီး သူ့ရဲ့ပုံတွေကိုတင်လိုက်တဲ့အခါမှာ Netizen တွေလည်း သူမကိုလုံးဝစွဲလမ်းနေခဲ့ပါတယ် ။ ပြီးတော့ Pit Sisters မှကယ်ဆယ်ရေးအဖွဲ့ရဲ့ ကျေးဇူးကြောင့် သူမဟာ နေအိမ်အသစ်တစ်ခုကိုလည်း တွေ့ရှိခဲ့ပါတယ် ။
အဖွဲ့ရဲ့ ဥက္ကဋ္ဌ Jen Deane အမည်ရှိ အမျိုးသမီးက သူမဟာ စွန့်ပစ်ထားတဲ့ ခွေးပေါက်စတွေကို ကယ်တင်ချင်တဲ့သူတစ်ဦးဆိုပေမယ့် သူမဟာ ချစ်စရာကောင်းတဲ့ Cinammon နားရွက်လို ခွေးလေးကို တွေ့ဆုံရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဖူးပါဘူး ။“သူမလို Cinammon နားရွက်ရှိတဲ့ ခွေးတစ်ကောင် တစ်ခါမှမတွေ့ဖူးဘူး။ သူမက ဘယ်လောက်ချစ်စရာကောင်းလဲဆိုတာကို လူတိုင်းက မယုံနိုင်လောက်အောင်ပင် သူမကို လူတစ်ဦးချင်းအတွက် cuter ဖြစ်လာခဲ့တယ် ! ” လို့ Jen က Dodo မှာ ပြောကြားခဲ့ပါတယ် ။ Jen က “ဒီ Cinamon နားရွက်နဲ့ခွေးဟာ ဂရုမစိုက်ချင်တော့တဲ့ပိုင်ရှင်က စွန့်ပစ်လိုက်တာထင်ပါတယ် ။
သူမကို ကျွန်မတို့က ၅ ပတ်ပဲလောက်ဘဲပြုစုရသေးတယ် ။ စုံတွဲတစ်တွဲက ဒီချစ်စရာကောင်းတဲ့ခွေးမကို မွေးစားဖို့လာရောက်တောင်းဆိုခဲ့တယ် ” လို့ ထပ်မံပြောဆိုခဲ့ပါတယ် ။ အဲ့ဒီနောက် Cinnamon နားရွက်နဲ့ခွေးမလေးဟာ သူမကိုထာဝရချစ်မေတ္တာရှိတဲ့အိမ်ကို ရှာတွေ့ပြီဖြစ်ပြီး ခွေးသုံးကောင်နဲ့ချိုမြိန်တဲ့မိသားစုတစ်စုကိုတွေ့ရှိခဲ့တာကြောင့် သူမဟာ ဘယ်တော့မှ အထီးကျန်မှာမဟုတ်တော့ပါဘူး ။
Zawgyi
Leave a Reply