
တရုတ်နိုင်ငံက စားသောက်ဆိုင်တစ်ခုဟာ ထူးထူးခြားခြား ဝန်ဆောင်မှုကို ပေးလိုက်ပါတယ်။ အဲ့ဒါကတော့ စားသောက်ဆိုင်ကို လာရောက်စားသုံးသူတွေထဲက ကွာရှင်းပြတ်စဲကြမယ့် အိမ်ထောင်သည်တွေကို ဘီယာ အလကား သောက်သုံးခွင့် ပေးတာပါ။
ဒီစားသောက်ဆိုင်ကတော့ စီချွမ်ပြည်နယ် နမ်ချောင်းမှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်ဖြစ်ပြီး စားသောက်ဆိုင် ပိုင်ရှင်က လက်ထပ်ခြင်းနဲ့ ကွာရှင်းခြင်းကနေ ပျော်ရွှင်မှု ရရှိအောင် ရည်ရွယ် လုပ်ဆောင်ပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စားသောက်ဆိုင်ပိုင်ရှင်က သူ့ရဲ. ကွာရှင်းပြတ်ဆဲစဉ်က အတွေ့အကြုံနဲ့ ပျော်ရွှင်စရာ ခံစားမှုကိုလည်း မျှဝေလိုတဲ့ သဘောရှိပါတယ်။ လက်ထပ်ခြင်းကမှ မဟုတ် ကွာရှင်းခြင်းကနေလည်း ပျော်ရွှင်မှု ရရှိအောင် လုပ်ဆောင်နိုင်မယ်လို့ သူက ဆိုပါတယ်။
Leave a Reply