ကွယ်လွန်သွားသော သူငယ်ချင်းအုတ်ဂူတွင် ဝမ်းနည်းစွာ သွားရောက်၍ သီချင်းဆိုဖျော်ဖြေခဲ့သော လူငယ်လေးယောက်

ကွယ်လွန်သွားသော သူငယ်ချင်းအုတ်ဂူတွင် ဝမ်းနည်းစွာ သွားရောက်၍ သီချင်းဆိုဖျော်ဖြေခဲ့သော လူငယ်လေးယောက်

လူတိုင်းအတွက် အခင်ရဆုံးသော သူငယ်ချင်းတစ်ယောက် သို့မဟုတ် အဖွဲ့တစ်ဖွဲ့ဆိုတာရှိစမြဲပါ။တစ်ယောက်အခက်အခဲဖြစ်နေလျှင် ကူညီတတ်ကြသလို အခြားသူက ကိုယ့်သူငယ်ချင်းအကြောင်း မကောင်းပြောလျှင်လည်း မခံမရပ်ဖြစ်ကြရသည်။ထို့အတူ မထင်မှတ်ဘဲ အကြောင်းတစ်စုံတစ်ရာကြောင့် ခွဲခွာရမည်ဆိုပါကလည်း မိသားစု မောင်နှမများနှင့် ထပ်တူ သူငယ်ချင်းများမှာလည်း ဝမ်းနည်းကြေကွဲရသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံမှ လူငယ်လေးယောက်သည် ကွယ်လွန်သွားပြီဖြစ်သော သူငယ်ချင်းဖြစ်သူဧ။် အုတ်ဂူရှေ့တွင် သွားရောက်၍ ဝမ်းနည်းကြေကွဲစွာဖြင့် သီချင်းများသီဆိုကာ ဖျော်ဖြေခဲ့ကြသည်။သူငယ်ချင်းဖြစ်သူနှင့် အတိတ်က ပျော်ရွှင်စွာ ဆိုးတူကောင်းဖက် ဖြတ်သန်းခဲ့သော အမှတ်တရအပြင် သူတို့ဧ။် ချစ်ခင်ရင်းနှီးမှုနှင့်အတူ ဂုဏ်ပြုသောအားဖြင့် သီချင်းသီဆိုခဲ့ကြခြင်းဖြစ်သည်။

လူငယ်လေးယောက်မှ ဝမ်းနည်းမျက်ရည်များကျပြီး သူငယ်ချင်းဖြစ်သူအား “နောက်ဘဝမှာ အရမ်းချစ်ကြတဲ့ ညီအစ်ကိုရင်းတွေအဖြစ် ပြန်ဆုံတွေ့ကြမည်”ဟု ဆိုခဲ့ကြပြီး လူမှုကွန်ယက်တွင် မျှဝေခဲ့ရာ လူအများဧ။်နှလုံးသားကို ထိစေခဲ့သည်။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*