
ကွယ်လွန်သွားပြီဖြစ်တဲ့သခင်ကို ပြန်လာကောင်းပြန်လာနိုင်မလားဆိုပြီး တံခါးဂိတ်ဝမှာ အမြဲစောင့်ဆိုင်းနေခဲ့တဲ့ သစ္စာစောင့်သိတဲ့ကြောင်လေး
အရင်က ကျွန်တော်တို့ကြားဖူးတဲ့ ဇာတ်လမ်းလေးက ကွယ်လွန်သွားတဲ့ ပိုင်ရှင်ကို ၉ နှစ်အကြာ စောင့်ဆိုင်းနေခဲ့တဲ့ သစ္စာစောင့်သိတဲ့ခွေးလေး Hachiko ရဲ့ ဇာတ်လမ်းဟာဆိုရင်ဖြင့် ကျွန်တော်တို့ အများစုကို မျက်ရည်ကျစေမိခဲ့ပါတယ်။ အခုတခေါက်မှာလည်း လွန်ခဲ့တဲ့ ၅ လက ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ပိုင်ရှင်ကို တံခါးဂိတ်ဝမှာ ထိုင်နေပြီး နေ့တိုင်းစောင်းနေခဲ့တဲ့ ကြောင်တစ်ကောင်ရဲ့ ပုံပြင်ကို ဖော်ပြပေးမှာဖြစ်ပါတယ်။
OP လို့ခေါ်တဲ့ ခွေးပိုင်ရှင် ရဲ့ ညီမလေး အဆိုအရ ကြောင်လေးဟာ လွန်ခဲ့တဲ့ ၅ လကသေဆုံးသွားတဲ့ သူမရဲ့အစ်ကိုဖြစ်သူကို စောင့်နေတာပါ။ သူမရဲ့အစ်ကို မသေဆုံးသေးခင်အချိန်တွေမှာဆိုရင် ကြောင်လေးဟာ ငါးနာရီထိုးတိုင်း သူ့သခင် အိမ်ပြန်ရန် စောင့်နေတဲ့ အလေ့အထရှိခဲ့ပါတယ်။ သခင်ဖြစ်သူ ဆုံးသွားတာ ရက်ပေါင်း 150 လွန်ပါပြီ။
ဒါပေမဲ့ ကြောင်ဟာ သူချစ်မြတ်နိုးတဲ့သခင်ဖြစ်သူ ပြန်လာကောင်းပြန်လာနိုင်မလားဆိုပြီး တံခါးဂိတ်ဝက ဆိုင်ကယ်ဖင်ထိုင်ခုံပေါ်မှာ မှောက်လျက်နေပြီး နေ့တိုင်းနေ့တိုင်း စောင့်ဆိုင်းနေခဲ့တာပါ။ ၎င်း post ကို Facebook ပေါ်ဝေမျှလိုက်တဲ့အခါမှာ Netizen တွေကလည်း ဝမ်းနည်းမျက်ရည်ကျခဲ့ရပြီး သူတို့ကြားသိရတဲ့ အခြားသောကြောင်လေးတွေရဲ့ ဇာတ်လမ်းတွေကိုလည်း ပြန်လည်မျှဝေလာကြပါတယ်။
ဘယ်အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်မဆို အိမ်မွေးတိရစ္ဆာန်တွေကို ခြွင်းချက်မရှိတဲ့ချစ်ခြင်းမေတ္တာ နဲ့ ချစ်ခင်ကြပါတယ်။ ကျွန်တော်တို့ စိတ်ဓာတ်ကျပြီး ဝမ်းနည်းမိတဲ့အခါတိုင်းမှာ သူတို့က ကျွန်တော်တို့ကို နှစ်သိမ့်ရန် လက်လေး နဲ့ လျက်ပြီး နှစ်သိမ့်ပေးနေကြပါတယ်။ ငါတို့အိမ်ပြန်ရောက်တဲ့အခါဆိုရင်လည်း သူတို့က အမြီးတွေကို လှုပ်ခါလှုပ်ခါနဲ့ ကြိုဆိုနေခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ ငါတို့အနီးအနားမှာ ရှိနေတုန်းက သူတို့နဲ့အတူ မျှဝေထားတဲ့ ပျော်ရွှင်မှုတွေကြောင့် ကျွန်တော်တို့ကို သူတို့မခွဲနိုင်တဲ့ နှောင်ကြိုးတွေရှိနေခဲ့တာပါ။
Leave a Reply