
ကွယ်လွန်သွားခဲ့တာ 8နှစ်ကြာခဲ့ပြီဆိုပေမဲ့လည်း ဇနီးကိုအမြဲ ပန်းစည်းပေးပို့နေခဲ့တဲ့ အမျိုးသား
အမေရိကန်ပြည်ထောင်စု Kentucky ပြည်နယ် Georgetown မြို့မှ အသက် ၆၁နှစ်အရွယ် Tracey Cox အမည်ရှိတဲ့အမျိုးသမီးတစ်ဦးဟာ ၂၀၁၂ ခုနှစ်ကတည်းက ကွယ်လွန်သွားခဲ့တဲ့ခင်ပွန်းထံမှ ” Tracey မင်းငါ့ကို မမြင်ရရင်တောင် ငါ ဒီမှာအမြဲရှိနေတယ် I love you ချစ်ရသော Rich ” ဆိုတဲ့စာလေးနဲ့ ပန်းစည်းတွေကို နှစ်တိုင်း လက်ခံရရှိခဲ့ပါတယ်။
Rich ဟာ လွန်ခဲ့တဲ့ ၂၀၁၂ တုန်းက လည်ချောင်းကင်ဆာနဲ့ မဆုံးခင် ဇနီးဖြစ်တဲ့ Tracey အား သူမအပေါ်ထားရှိတဲ့ချစ်ခြင်းမေတ္တာကို ပြန်လည်အမှတ်ရစေခဲ့ပါတယ်။Tracey က Rich ဆုံးပြီး နောက်တစ်နှစ်မှာ ပထမဆုံးအချိန်ခင်ပွန်းဆီက ပန်းစည်းကို လက်ခံရရှိတော့ သူမ အလွန်အံ့အားသင့်သွားခဲ့ရပြီး ခင်ပွန်းဖြစ်သူနဲ့ ကြည်နူးခဲ့တဲ့အချိန်တွေကို ပြန်တမ်းတကာ ” သူမနဲ့အတူရှိနေလိမ့်မယ်” လို့တွေးရင်း နှစ်သိမ့်မှုများစွာရခဲ့ပါတယ်။
သူမက ခင်ပွန်း Rich အသက်ရှိတုန်းက သူမအတွက်လုပ်ပေးခဲ့တာတွေအတွက် အမြဲကျေးဇူးတင်နေခဲ့သလို အဆိုပါ ပန်းစည်းကို ပထမဆုံးအချိန်နဲ့ နောက်ဆုံးအချိန်အဖြစ် လက်ခံရရှိခဲ့တာလို့ဘဲ တွေးထင်နေခဲ့ပါတယ်။သမီးဖြစ်သူ Bethany က အံ့ဩစရာကောင်းတဲ့ပန်းစည်းတွေက မကြာခင် ရပ်တန့်သွားမှာမဟုတ်ကြောင်း အတည်ပြုပေးခဲ့ပြီး
သူမရဲ့ဖခင်က သူမနှင့် သူမမောင်နှမတွေအကြား လျှိုဝှက်အစီအစဉ်တစ်ခု ပေးထားခဲ့ပြီး” ဒါက စစ်မှန်တဲ့ချစ်ခြင်းပုံပြင်တစ်ပိုဒ်ပါဘဲ” လို့ ဆိုခဲ့ပါတယ်။Bethany က ဖခင်ဖြစ်သူရဲ့အကြံကို သိရပြီးနောက် သူမ အံ့ဩသွားခြင်းမရှိခဲ့ပါဘူး။
Leave a Reply