ကြောင်ရဲ့အစာမဖြစ်အောင် သေဆုံးနေတဲ့ပုံစံနဲ့ လှည့်စားခဲ့တဲ့ ပညာရှိကြွက်လေး

ကြောင်ရဲ့အစာမဖြစ်အောင် သေဆုံးနေတဲ့ပုံစံနဲ့ လှည့်စားခဲ့တဲ့ ပညာရှိကြွက်လေး

များသောအားဖြင့် ကြွက်တွေက ကြောင်တွေကို အမြဲကြောက်ရွံ့ကြတာပါ။ ကြောင်တွေက ကြွက်တွေကိုတွေ့ပြီဆိုတာနဲ့ ဖမ်းစားဖို့ကိုဘဲ သိနေကြပါတယ်။ သူတို့ရဲ့ချွန်ထက်တဲ့ခြေသည်းတွေနဲ့ ခုန်ပေါက်ပြီး ကြောင်တွေက ၎င်းသေးငယ်တဲ့ကြွက်လေးတွေကို ဖမ်းဖို့ လွယ်ကူလွန်းပါတယ်။ မကြာသေးမီက ကြွက်တစ်ကောင်ဟာ ကြောင်တစ်ကောင်ရဲ့ ဖမ်းယူခြင်းမှလွတ်မြောက်ပြီးနောက် ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားခဲ့ပါတယ်။

ထိုကြွက်ကလေးဟာ ကြောင်လေးအစာကနေလွန်မြှောက်ရန် သေဆုံးသွားတဲ့ပုံစံနဲ့ ဟန်ဆောင်ခဲ့ပါတယ်။ ကြွက်လေးဟာ ခေါင်းကလေးအနည်းငယ်ရွှေ့သွားတာကိုလည်း ကြောင်ကသတိမပြုမိခဲ့ပါဘူး။ ဒီကြွက်လေးက တော်တော့်ကို ပါးနပ်လွန်းတဲ့ ကြွက်လေးလို့ ဆိုရမှာပါဘဲ။

အဆိုပါဗီဒီယိုဟာ ကြွက်ကို ကြောင်ဖမ်းမိတဲ့ အချိန်အတိအကျကို မပြသော်လည်း ကြောင်က ကြွက်သေကောင် ကြည့်နေတာကိုတော့ တွေ့ရပါတယ်။ ကြောင်ဟာ ကြွက်ကလေး ရှိနေသေးတာကိုတွေ့ရတာကြောင့် ကြွက်ဟာ ‘သေနေပြီ’ ဆိုပြီး ထင်နေပုံရပါတယ်။ ဒီဗီဒီယိုကိုရိုက်ကူးတဲ့သူက ကြောင်နဲ့ကြွက်တို့အခြေအနေရဲ့ နောက်ဆုံးရလဒ်ကို‌တော့ မပြခဲ့ပါဘူး။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*