
ကြောင်ရဲ့ရွှေလည်ဆွဲအတုကို ခိုးယူမိခဲ့သူက အမှားဝန်ခံပြီး ပစ္စည်ပြန်ပေးကာ လျော်ကြေးငွေပါပြန်ပေးခဲ့တဲ့အဖြစ်
ဒီတစ်ခေါက် ထိုင်းနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့ ခိုးယူမိက တော်တော်လေး တွေ့ရခဲတဲ့အဖြစ်လို့ ပြောရမှာပါပဲ ။ အကြောင်းကတော့ သူခိုးနှစ်ယောက်ဟာ အိမ်ရဲ့အပြင်ဖက်မှာ ချထားတဲ့ လက်သန့်စင်ဆေးရည် 2 ဗူး နဲ့ ကြောင်လေးရဲ့ ရွှေလည်ဆွဲကို ခိုးယူမိခဲ့ကြလို့ပါပဲ ။ နောက်မှ CCTV ရှိနေမှန်းသိခဲ့ပြီး ပစ္စည်းတွေပြန်လာထားခဲ့တဲ့အပြင် လျော်ကြေးငွေ ဘတ် 60 ကိုပါ ချထားခဲ့ပါတယ် ။
ဒါ့အပြင် ‘ ကျွန်တော်တို့ ခင်ဗျားရဲ့ လက်သန့်စင်ဆေးရည်နဲ့ ကြောင်လေးရဲ့ရွှေဆွဲကြိုးကို ခိုးယူမိလို့တောင်းပန်ပါတယ် ၊ ကျွန်တော်တို့ ခွင့်မလွတ်နိုင်တဲ့လုပ်ရပ်မျိုး ကျူးလွန်မိပါတယ် ၊ ခင်ဗျားရဲ့ပစ္စည်းတွေကို ပြန်ရှာနေတယ်ဆိုတဲ့သတင်းကြားတော့ ကျွန်တော်တို့ပြန်လာပေးဖို့ ဆုံးဖြတ်ခဲ့တာပါ ‘ ဆိုပြီး စာရေးသားထားတဲ့ စာရွက်ကိုပါ ချသွားခဲ့ပါတယ် ။
ဖြစ်စဉ်ကတော့ အိမ်ပိုင်ရှင်က သူ့ရဲ့ပစ္စည်းတွေ အခိုးခံလိုက်ရတဲ့ CCTV ရုပ်သံကို social media ပေါ်မှာ ဝေမျှခဲ့ပြီး ‘ ပစ္စည်းတွေပြန်လာမပေးရင် တရားစွဲမယ်’ ဆိုပြီး သတိပေးခဲ့လို့ပါပဲ ။ အိမ်ပိုင်ရှင်ကတော့ ကြောင်ရဲ့လည်ဆွဲက အတုဖြစ်ပေမဲ့လည်း ခိုးယူတဲ့လုပ်ရပ်က လက်ခံပေးလို့ရတဲ့ အရာမဟုတ်ကြောင်း ပြောဆိုသွားခဲ့ပါတယ် ။
Zawgyi
Leave a Reply