ကြောင်ကလေးကို ပြန်ပေးဆွဲပြီး၊ သားသမီးအရင်းချာလို စောင့်ရှောက်နေတဲ့ မျောက်မကြီး (ရုပ်သံ)

ကြောင်ကလေးကို ပြန်ပေးဆွဲပြီး၊ သားသမီးအရင်းချာလို စောင့်ရှောက်နေတဲ့ မျောက်မကြီး

မိခင်မေတ္တာဆိုတာ တစ်ခါတလေမှာလည်း ကိုယ်နဲ့ သွေးမတော်သားမစပ် အခြေအနေမှာတောင် ဖြစ်နိုင်တယ် ဆိုရမှာပါ။ အခုလည်း မျောက်မကြီးတစ်ကောင်ဟာ အိမ်မွေးကြောင်လေးတစ်ကောင်ကို ပြန်ပေးဆွဲပြီး သူရဲ့သားသမီးအရင်းနဲ့မခြား စောင့်ရှောက်နေပါသတဲ့။

 

ဒီအဖြစ်အပျက် မှတ်တမ်းဗွီဒီယိုဖိုင်ကို Chan Dfc အမည်ရ လူမှုကွန်ရက် အသုံးပြုသူက ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ သူမဟာ ဗွီဒီယိုတွေကို လူမှုကွန်ရက်မှာ ဖြန့်ဝေခဲ့တာပါ။ မျောက်မကြီးဟာ ကြောင်ကလေးကို အိမ်တစ်ခုရဲ့ခေါင်မိုးထက်မှာ အစာကျွေးဖို့ ကြိုးစားနေတာပါ။မျောက်မကြီးဟာ ကြောင်ကလေးအတွက် ငှက်ပျောသီးကို အခွံတောင် ခွာထားတာကို တွေ့ရပါတယ်။

ကြောင်ဆိုတာကတော့ သဘာဝအရ ငှက်ပျောသီးစားတဲ့ အမျိုးမဟုတ်တော့ ပုဇွန်ခြောက်အနံ့လောက် စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ ကြောင်ကလေးဟာ ညောင်-ညောင်နဲ့ တကျီကျီအော်နေပြီး၊ အတော်လေး ဆာလောင်နေပုံပါ။

တကယ်တော့ အမျိုးမတူတဲ့ သတ္တဝါနှစ်ကောင်ဖြစ်လို့ စားရေးသောက်ရေးနဲ့ပတ်သက်လာရင်တော့ ဒုက္ခရောက်လာနိုင်ပါတယ်။ အထူးသဖြင့် ကြောင်ကလေးဟာ မျောက်မကြီးရဲ့စောင့်ရှောက်မှုအောက်မှာ မလုံခြုံနိုင်သလို၊ အစားအစာ မတူတဲ့အတွက် သေသွားနိုင်ပါတယ်။

ဒါကြောင့်မှတ်ချက်ရေးသူတွေက သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ကြောင်ကလေးကို အမြန်ဆုံး ကယ်ဆယ်သင့်တယ်လို့ အကြံပြုနေကြပါတယ်။ ဒါမှလည်း ကြောင်ကလေးကို လိုအပ်တဲ့ အစာကျွေးပြီး အသက်ဆက် ရှင်သန်စေနိုင်မှာပါ။ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံမှာ ဖြစ်ခဲ့တာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*