ကြိုပို့လုပ်ပေးရတာငြီးငွေ့လာလို့ဆိုပြီး သူငယ်ချင်းအတွက် ကားတစ်စီးဝယ်ပေးခဲ့တဲ့ အမျိုးသားတစ်စု(ရုပ်သံ)

ကြိုပို့လုပ်ပေးရတာငြီးငွေ့လာလို့ဆိုပြီး သူငယ်ချင်းအတွက် ကားတစ်စီးဝယ်ပေးခဲ့တဲ့ အမျိုးသားတစ်စု(ရုပ်သံ)

ကားတစ်စီးပိုင်ဆိုင်ထားခြင်းက လူအချို့အတွက် ကြီးမားတဲ့အကူအညီဖြစ်စေနိုင်ပေမဲ့ အထူးသဖြင့် သူငယ်ချင်းပိုင်ဆိုင်ထားတဲ့လူအတော်များများအတွက် ကြိုပို့လုပ်ပေးရလို့ သူတို့အတွက်စိတ်ညစ်စေပါတယ်။သို့ပေမဲ့ အမျိုးသားအုပ်စုတစ်စုကတော့ ၎င်းပြဿနာကို သူတို့ရဲ့သူငယ်ချင်းတစ်ယောက်အတွက် တစ်နေရာရာသွားတိုင်း ကြိုပို့မလုပ်ရတော့အောင် ကားအသစ်တစ်စီးဝယ်ပေးမယ့် အမိုက်စားနည်းလမ်းတစ်ခုနဲ့ ဖြေရှင်းလိုက်ကြပါတယ်။

သူတို့က သူငယ်ချင်းဖြစ်သူကလည်း သူသွားချင်တဲ့နေရာကို အလွယ်တကူသွားလာနိုင်ဖို့ ရည်ရွယ်ခဲ့ကြပါတယ်။၎င်းအဖြစ်အပျက်ကို တောင်အာဖရိကရှိ ကားအရောင်းကိုယ်စားလှယ်အမျိုးသမီး တစ်ဦးက Twitter မှာ မျှဝေပေးခဲ့တာပါ။Post ထဲအရ အဆိုပါအမျိုးသားအုပ်စုတစ်စုက သူတို့သူငယ်ချင်းတစ်ယောက်အတွက် ကားဝယ်ပေးဖို့ဆုံးဖြတ်နေကြပြီး “ ဘာလို့ဆို သူ့ကို ကြိုပို့လုပ်ရတာ ငြီးငွေ့လာလို့ ” လို့ ပြောဆိုနေခဲ့ကြပါတယ်။

ဒါဟာ ပျော်ရွှင်စရာကောင်းတဲ့ အကြောင်းပြချက်တစ်ခုဆိုပေမဲ့ သူတို့ရဲ့အပြုအမူက သူတို့အကြားရဲ့သူငယ်ချင်းမေတ္တာဟာ အလွန်စစ်မှန်လွန်းနေတာကို ဖော်ပြနေခဲ့ပါတယ်။ကားတစ်စီးကို လက်ဆောင်ရသွားတဲ့ သူငယ်ချင်းကတော့ မယုံသင်္ကာဖြစ်နေခဲ့ရပါတယ်။ထုံးစံအတိုင်း လူအများက သူတို့ရဲ့ဇာတ်လမ်းကို ကြိုက်နှစ်သက်ခဲ့ကြပြီး အချို့ကတော့ အဆိုပါအမျိုးသားအုပ်စုလို ရက်ရောတတ်လွန်းတဲ့ သူငယ်ချင်းတွေကို လိုချင်ကြောင်း ပြောဆိုနေခဲ့ကြပါတယ်။

လူတစ်ယောက်က “ တစ်ခါတစ်လေ ရေက သွေးထပ်ပိုပျစ်နေတတ်တယ် ၊ ဒါက မိတ်ဆွေမဟုတ်ဘူး မိသားစုဘဲ သူ အခုလိုသူငယ်ချင်းတွေပိုင်ဆိုင်ထားရခြင်းက ကောင်းကျိုးတစ်ပါးဘဲ” လို့ဆိုခဲ့ပါတယ်။တစ်ကယ်လည်း သူငယ်ချင်းကို ကြိုပို့လုပ်ရပျင်းလာလို့ဆိုတဲ့အကြောင်းပြချက်က သူတို့သူငယ်ချင်းကြားစစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေရှိနေကြောင်းကို ဖော်ပြနေပါတယ်။

https://twitter.com/Asanda_Goduka/status/1117236680145219584

သူတို့ရဲ့ပီတိဖြစ်စရာကောင်းတဲ့ပုံပြင်လေးကို ကြည့်ရင်း စာဖတ်သူတို့လည်း အဲ့လိုသူငယ်ချင်းမျိုးလိုချင်သွားကြပြီမလားဗျာ။

Be the first to comment

Leave a Reply

Your email address will not be published.


*