
ကယ်လီဖိုးနီးယားပြည်နယ် အင်ဂယ်ဝုဒ်မြို့မှာ ကြမ်းပိုးတစ်ကောင်ကြောင့် ဒေါ်လာ ၁သန်းကျော် လျော်ကြေးပေးလိုက်ရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ဖြစ်ပုံကတော့ အမေရိကန်နိုင်ငံ အင်ဂယ်ဝုဒ်မြို့မှာ နေထိုင်တဲ့ အိမ်ငှါးလင်မယားဟာ သူတို့ရဲ့ကလေးကို ကြမ်းပိုးတစ်ကောင်က ကိုက်လိုက်တာကြောင့် အိမ်ပိုင်ရှင်ကို တရားစွဲဆိုခဲ့လိုက်တာပဲ ဖြစ်ပါတယ်။ ကြမ်းပိုးကိုက်လိုက်တာကြောင့် ထိုသုံးနှစ်အရွယ်ကလေးလေးမှာ တစ်ကိုယ်လုံး အနီစက်တွေ ဖြစ်သွားလို့ ဆေးရုံကို အမြန်ပြေးခဲ့ရပါတယ်။
ဆရာဝန်ပြကြည့်တဲ့အခါ အကောင်ကိုက်လို့ ဖြစ်တာကို သိခဲ့ရပြီး အိမ်ရောက်တဲ့အခါ တစ်အိမ်လုံးရှာဖွေကြည့်လိုက်တော့ ကြမ်းပိုးတွေကို တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒါနဲ့ပဲ အိမ်ရှင်အိမ်ငှါး ကုမ္ပဏီကို ဖုန်းဆက်ပြီး ပရိဘောဂတွေကိုလဲပေးဖို့ပြောပေမယ့်လည်း အဖြူရောင်ဆေးမှုန့်တွေကိုသာ လာဖြူးပေးသွားခဲ့ပါတယ်။ ဒီနောက်မှာတော့ တစ်ခြားအိမ်အသစ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ပြီး အရင်နေခဲ့တဲ့ အိမ်ရှင်ကို တရားစွဲဆိုခဲ့ပါတယ်။
တရားရုံးကတော့ ဒီအမှုကို စီရင်ပေးခဲ့ပြီး နစ်နာကြေး အဖြစ်ဒေါ်လာ ၁သန်းကျော် ပေးဆောင်ဖို့အတွက် စီရင်ချက်ချခဲ့ပါတယ်။ လျော်ကြေးရရှိပေမယ့်လည်း ကြမ်းပိုးကျုက်ခံခဲ့ရတဲ့ ကလေးလေးရဲ့ အမာရွတ်တွေ ခုထိ မပျောက်သေးဘူးလို့လည်း သိရပါတယ်..
Leave a Reply