ကြက်သားပြားကြော်ဆိုတဲ့ အသံကြားတာနဲ့ ၆၂ ရက်ကြာသတိလစ်မေ့မြောနေရာကနေ ချက်ချင်းနိုးထလာခဲ့တဲ့ ကောင်လေး

ထိုင်ဝမ်ရှိ ယာဉ်တိုက်မှုကြောင့်သတိလစ်မေ့မြောနေခဲ့တဲ့ ၁၈ နှစ်အရွယ်ကောင်လေး Chiu ဟာ “မင်းအရမ်းကြိုက်တဲ့ကြက်အသားပြား ဝယ်လာတယ်”ဆိုတဲ့အစ်ကိုဖြစ်သူရဲ့စကားကိုကြားပြီးနောက် Chiu ဟာ မယုံကြည်နိုင်လောက်အောင်ဘဲ နိုးထလာခဲ့ပါတယ်။ထိုင်ဝမ်သတင်းများဖော်ပြချက်အရ အဆိုပါChiu ဟာ စကူဘီဘီးဆိုင်ကယ်မောင်းနေတုန်း မတော်တဆယာဉ်တိုက်မှုတစ်ခုမှာ ပါဝင်ပတ်သက်သွားခဲ့ရပြီ

း သူ့ရဲ့ကိုယ်တွင်းင်္အဂါ subdural hydrops, pneumothorax၊ သရက်ရွက်၊ ကျောက်ကပ်နဲ့ အသည်းတို့ရဲ့ယိုယွင်းပျက်စီးမှု၊ဝမ်းဗိုက်ပိုင်းဒဏ်ရာရမှု စတဲ့ဒဏ်ရာများစွာ အပြင်းအထန်ရရှိခဲ့တာကြောင့် သူဟာComa ဖြစ်သွားခဲ့ရပါတယ်။Ton Yen အထွေထွေရောဂါကုဆေးရုံကြီးရှိ ICU ဌာနရဲ့ညွှန်ကြားရေးမှူး Hsieh tsung-hsin အဆိုအရ Chiu ကို ဆေးရုံသို့အမြန်ပို့ဆောင်ခဲ့ပြီး အရေးပေါ်ခွဲစိတ်ကုသမှုချက်ချင်းခံယူခဲ့ပေမဲ့လည်း သူဟာအချိန်အတော်ကြာကြာ မေ့မြောသွားခဲ့ပါတယ်။

နှစ်လတာကာလအတွင်း Chiu ဟာခွဲစိတ်ကုသမှုခြောက်ကြိမ် ခံယူခဲ့ရကာ မိသားစုတွေကလည်း သူ့အနားအမြဲရှိနေခဲ့ပြီး သူပြန်လည်နာလန်ထူနိုင်ဖို့အမြဲဆုတောင်းနေခဲ့ကြပါတယ်။Coma ခံစားနေရတဲ့ Chiu ရဲ့၆၂ရက်မြောက်နေ့မှာ သတိလစ်နေတဲ့သူ့ညီအား မင်းအရမ်းကြိုက်တဲ့ကြက်အသားပြားဝယ်လာတယ် လို့စနောက်ပြောခဲ့တဲ့ အစ်ကိုဖြစ်သူရဲ့စကားကြောင့် အံ့ဩစရာကောင်းလောက်အောင်ဘဲ Chiu ရဲ့သွေးခုန်နှုန်းရုတ်တရက်အရှိန်မြင့်လာခဲ့ပြီး သူဟာသတိပြန်ရဖို့စတင်လာခဲ့ပါတယ်။

ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက Chiu ရဲ့အဆုံးစွန်ပြန်လည်နာလန်ထူမှုဟာ ရှင်သန်ဖို့သူ့ရဲ့ခိုင်မာတဲ့အလိုတော်ဖြစ်တယ် လို့ မယုံမကြည်နဲ့မှတ်ယူစွပ်စွဲခဲ့ကြပါတယ်။ပြန်လည်ကျန်းမာလာတဲ့ Chiu ဟာ အချိန်အတော်ကြာ ဆေးရုံဆင်းပြီးနောက် သူ့အားကယ်တင်ပေးခဲ့တဲ့လူတွေကို ကျေးဇူးတင်ကြောင်းပြောဖို့ ကိတ်မုန့်တစ်လုံးနဲ့ ဆေးရုံကိုပြန်သွားခဲ့ပါသေးတယ်။ကြက်သားအသားပြားဆိုတဲ့အသံကြားပြီးပြီချင်း နိုးလာတဲ့ ကြက်သားချစ်သူ Chiuလည်း ဒီလိုပြန်လည်နာလန်ထူပြီးနောက် အသက်ရှည်ရှည်နဲ့ကျန်းမာစွာဆက်လက်နေထိုင်နေလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*