ကြက်ကြော်တစ်ပွဲဘဲ မှာခဲ့ပေမဲ့ အိမ်ရှေ့ကို FoodPanda ဆိုင်ကယ် ၄၂စီးရောက်ချလာလို့ လန့်ဖြတ်ပြီး ငိုချပစ်ခဲ့ရတဲ့ ကလေးမလေး

ကြက်ကြော်တစ်ပွဲဘဲ မှာခဲ့ပေမဲ့ အိမ်ရှေ့ကို FoodPanda ဆိုင်ကယ် ၄၂စီးရောက်ချလာလို့ လန့်ဖြတ်ပြီး ငိုချပစ်ခဲ့ရတဲ့ ကလေးမလေး

ဖိလစ်ပိုင်နိုင်ငံရှိ အသက် ၇နှစ်အရွယ် ကလေးမလေးတစ်ဦးဟာ FoodPanda မှာ အစားအသောက်တစ်ခုတည်းကိုသာ မှာခဲ့ပေမဲ့ သူမအိမ်ရှေ့ကို FoodPanda ဆိုင်ကယ်ပေါင်း ၄၂ စီးရောက်လာခဲ့ပြီးနောက် သူမဟာ လုံးဝအံ့အားသင့်သွားခဲ့ပါတယ်။

သတင်းဖော်ပြချက်အရ သူမက FoodPanda app မှာ ကြက်ကြော်မှာနေရင်း အင်တာနက်လိုင်း စုတ်နေခဲ့ပြီး ထပ်ခါထပ်ခါ နှိပ်ရင်း သူမရဲ့ order က ၄၂ ခု ဖြစ်သွားခဲ့တာကြောင့် သူမနေအိမ်လမ်းကြားမှာ ဆိုင်ကယ်တွေနဲ့ပြည့်နှက်သွားစေခဲ့ပါတယ်။သူမအိမ်လမ်းကြားထဲကို ဆိုင်ကယ်အစီးပေါင်း ၄၂ ရောက်ချလာခဲ့ပြီး သူမမှာလိုက်တဲ့ကြက်ကြော်က တစ်ပွဲကို ရင်းဂစ် ၁၆(၅,၅၀၀ ကျပ်) ကျသင့်ပြီး

 

အပွဲပေါင်း ၄၂ပွဲဆို ရင်းဂစ် ၆၇၂ (၂ သိန်း ၂သောင်းကျော် ) ကျသင့်သွားခဲ့တာကြောင့် သူမဟာ လန့်ဖြတ်သွားခဲ့ပြီး ရုတ်တရက် ငိုချပစ်ခဲ့ရပါတယ်။သူမရဲ့အိမ်နီးချင်းဖြစ်တဲ့ Dann Kayne Suarez အမည်ရှိတဲ့အမျိုးသားကလည်း အဆိုပါကြက်သားဘူးတွေကို သူတတ်နိုင်သလောက် ကူဝယ်ပေးခဲ့ရင်း သူမရဲ့အဖြစ်အပျက်ကို social media ပေါ် မျှဝေပေးခဲ့တာပါ။

 

ထို့နောက် ကြက်သားဘူးကို မရောင်းလိုက်ရတဲ့ FoodPanda သမားတွေကတော့ ဆိုင်ကို order နဲ့ ပြန်သွားခဲ့ကြပါတယ်။ကလေးမလေးအတွက်ကတော့ နောက်ပိုင်းကျ့ရင် online ပေါ် အစာမှာစားဖို့ အတော်လေး စိတ်ဆုံးဖြတ်ထားရတော့မယ့်ပုံပါဘဲဗျာ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*