ကျွမ်းကျင်ပိုင်နိုင်စွာ ဘောလုံးဆော့ကစားတတ်တဲ့ ငါးလေး (ရုပ်သံ)

ကျွမ်းကျင်ပိုင်နိုင်စွာ ဘောလုံးဆော့ကစားတတ်တဲ့ ငါးလေး (ရုပ်သံ)

ငါးတွေကို စိတ်အပန်းဖြေအလှမွေးဖို့အတွက်သာ နေအိမ်အတွင်း မွေးမြူထားတယ်လို့ ထင်ထားတာပါ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ ငါးလေးကတော့ မယုံကြည်နိုင်လောက်ကို ဘော်လုံးကို ကောင်းမွန်စွာ ဆော့ကစားတတ်နေပါတယ် ။ သခင်ဖြစ်သုက ငါးလေးကို အတော်လေးအချိန်ယူသင်ကြားပေးထားပုံပါပဲ ။ ငါးလေးကို ဇလုံလေးထဲမှာထည့်ထားပြီး ၊ အပြင်ဖက်မှာ ဂိုးပေါက်လေးကို ထားရှိပေးထားပါတယ် ။ ဂိုးပေါက်ထဲကို ဘော်လုံးကန်ထည့်ရမယ်ဆိုတာကိုလည်း ငါးလေးက သေချာသိနေခဲ့ပါတယ် ။

ငါးလေးက သူ့အရွယ်နဲ့လိုက်ဖက်တဲ့ ဘော်လုံးလေးကို ဂိုးပေါက်စီသို့ သေချာချိန်ရွယ်ပြီးနောက်မှာတော့ သူ့ရဲ့အမြီးလေးနဲ့ ဘော်လုံးကို ကန်ထည့်ပစ်လိုက်ပါတယ် ။ တစ်ကယ့်ကို ဂိုးပေါက်ထဲဝင်သွားခဲ့လို့ သခင်ဖြစ်သူမှာတော့ အံ့သြပျော်ရွှင်နေတာကို video လေးထဲမှာ အထင်းသာမြင်တွေ့ရမှာပါ ။ ဒါပေမဲ့ အခုလိုငါးမျိုးက လေ့ကျင့်သင်ကြားပေးလို့ရမယ်လို့တောင် ဘယ်သူကမှ တွေးထင်ထားမိမှာ မဟုတ်ပါဘူး ။

Zawgyi




 

Be the first to comment

Leave a Reply

Your email address will not be published.


*