
‘ကျွန်တော် မေမေ့ကို ကောင်းကင်ဘုံမှာ စောင့်နေမယ်’ ဆိုတဲ့ ရင်နင့်ဖွယ်စကားလုံးနဲ့ နောက်ဆုံးနေ့ရက်ကို ရေတွက်နေခဲ့တဲ့ 4 နှစ်အရွယ်ကောင်လေး
Nolan အမည်ရှိတဲ့ ကလေးငယ်ဟာ 3 နှစ်သားအရွယ်နဲ့ တစ်သျူးဆဲလ်တွေယိုယွင်းပျက်စီးစေတဲ့ ကင်ဆာရောဂါတစ်ခုကို ခံစားခဲ့ရတာပါ ။ အဆိုပါရောဂါကို တစ်နှစ်ခန့် ခုခံတိုက်ခိုက်လာရင်း နောက်ဆုံးနေ့ရက်ကို ရေတွက်နေခဲ့ရသလို Nolan တစ်ယောက် ဖြတ်သန်းလာခဲ့ရတာပါ ။Nolan လေးက သန်မာတဲ့ကလေးငယ်ပါ ။
ပြင်းထန်တဲ့ ဝေဒနာကိုခံစားနေရပေမဲ့ ကြံ့ခိုင်သန်မာတဲ့မျက်နှာထားမျိုး မပျောက်ကွယ်သွားသူပါ ။ ဖခင်ဖြစ်သူက မီးသတ်သမားမို့လို့ ကြီးလာရင် လူတွေကိုအကူအညီပေးနိုင်တဲ့ ရဲအရာရှိတစ်ဦးဖြစ်ချင်ခဲ့သူပါ ။ Nolan ရဲ့အကြောင်းကို ကြားသိပြီး ရဲဌာနကလည်း Sergent Rollin’ Nolan ဆိုတဲ့ ရာထူးကို ပေးခဲ့ကြပါတယ် ။
ကံဆိုးစွာနဲ့ပဲ ကုသမှုမျိုးစုံခံယူခဲ့ပေမဲ့ Nolan ကို လုံးဝမကယ်တင်နိုင်ခဲ့ပါဘူး ။ ဘယ်လောက်တောင် ဝေဒနာခံစားနေရလည်းဆိုတာခန့်မှန်းလို့တောင်မရတဲ့ အပြစ်ကင်းစင်လွန်းတဲ့ Nolan လေးက မိခင်ဖြစ်သူကို ‘ မေမေ သားဒီအတိုင်းပဲ ကောင်းကင်ဘုံကို တက်သွားလိုက်တော့မယ် ၊ ပြီးရင် အမေရောက်လာတဲ့အထိ ကစားရင်း သားစောင့်နေမယ် ၊ အမေ လာခဲ့မယ် မလား…’ ဆိုပြီး မိခင်ဖြစ်သူကို ပြောခဲ့ပါတယ် ။
သူ့ရဲ့နောက်ဆုံးနေ့ရက် ရောက်လာတော့မယ်ဆိုတာ သိနေသလိုပါပဲ ။ Nolan လေးဟာ ချစ်ခင်တဲ့သူတွေနဲ့အတူရှိနေခဲ့ပြီး နောက်ဆုံး မိခင်ရဲ့လက်မောင်ပေါ်လေးမှာပဲ Nolan တစ်ယောက် ကွယ်လွန်သွားခဲ့ပါတယ် ။
Zawgyi
Nolan အမည္႐ွိတဲ့ ကေလးငယ္ဟာ 3 ႏွစ္သားအရြယ္နဲ႔ တစ္သ်ဴးဆဲလ္ေတြယိုယြင္းပ်က္စီးေစတဲ့ ကင္ဆာေရာဂါတစ္ခုကို ခံစားခဲ့ရတာပါ ။ အဆိုပါေရာဂါကို တစ္ႏွစ္ခန္႔ ခုခံတိုက္ခိုက္လာရင္း ေနာက္ဆံုးေန႔ရက္ကို ေရတြက္ေနခဲ့ရသလို Nolan တစ္ေယာက္ ျဖတ္သန္းလာခဲ့ရတာပါ ။Nolan ေလးက သန္မာတဲ့ကေလးငယ္ပါ ။
ျပင္းထန္တဲ့ ေဝဒနာကိုခံစားေနရေပမဲ့ ၾကံ့ခိုင္သန္မာတဲ့မ်က္ႏွာထားမ်ိဳး မေပ်ာက္ကြယ္သြားသူပါ ။ ဖခင္ျဖစ္သူက မီးသတ္သမားမို႔လို႔ ႀကီးလာရင္ လူေတြကိုအကူအညီေပးႏိုင္တဲ့ ရဲအရာ႐ွိတစ္ဦးျဖစ္ခ်င္ခဲ့သူပါ ။ Nolan ရဲ႕အေၾကာင္းကို ၾကားသိၿပီး ရဲဌာနကလည္း Sergent Rollin’ Nolan ဆိုတဲ့ ရာထူးကို ေပးခဲ့ၾကပါတယ္ ။
ကံဆိုးစြာနဲ႔ပဲ ကုသမႈမ်ိဳးစံုခံယူခဲ့ေပမဲ့ Nolan ကို လံုးဝမကယ္တင္ႏိုင္ခဲ့ပါဘူး ။ ဘယ္ေလာက္ေတာင္ ေဝဒနာခံစားေနရလည္းဆိုတာခန္႔မွန္းလို႔ေတာင္မရတဲ့ အျပစ္ကင္းစင္လြန္းတဲ့ Nolan ေလးက မိခင္ျဖစ္သူကို ‘ ေမေမ သားဒီအတိုင္းပဲ ေကာင္းကင္ဘံုကို တက္သြားလိုက္ေတာ့မယ္ ၊ ၿပီးရင္ အေမေရာက္လာတဲ့အထိ ကစားရင္း သားေစာင့္ေနမယ္ ၊ အေမ လာခဲ့မယ္ မလား…’ ဆိုၿပီး မိခင္ျဖစ္သူကို ေျပာခဲ့ပါတယ္ ။
သူ႔ရဲ႕ေနာက္ဆံုးေန႔ရက္ ေရာက္လာေတာ့မယ္ဆိုတာ သိေနသလိုပါပဲ ။ Nolan ေလးဟာ ခ်စ္ခင္တဲ့သူေတြနဲ႔အတူ႐ွိေနခဲ့ၿပီး ေနာက္ဆံုး မိခင္ရဲ႕လက္ေမာင္ေပၚေလးမွာပဲ Nolan တစ္ေယာက္ ကြယ္လြန္သြားခဲ့ပါတယ္ ။
Leave a Reply