
ကျေးလတ်ရွာငယ်လေးမှ မိုင်ထောင်ချီဝေးတဲ့မြို့ပေါ်တွင် စိတ်ကူးတောင်မယဥ်ခဲ့ဖူးသည့် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် မြေးဖြစ်သူ၏ဘွဲ့ယူပွဲကို တက်ရောက်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူမဆုံးဖြစ်နေရတဲ့အဖွားအို
မဖွုံဖြိုးသေးသော ဒေသနိုင်ငံများတွင် နယ်မြို့လေးမှ ကျေးလက်ဒေသများသည် ခေတ်နောက်ကျပြီး မျက်စိမှိတ်နားပိတ်ဖြစ်နေခဲ့ရပါတယ်။ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ အဖွားအိုသည် နယ်ဘက်ဒေသ ကျေးလက်ရွာလေးတွင်နေထိုင်ပြီး မြို့ပေါ်နှင့်အလှမ်းဝေးနေခဲ့ပါတယ်။
ပညာရေးလည်းအားနည်းပြီး ဘွဲ့ယူသည့်အခမ်းအနားဆိုတာကို ကြားရုံသာ ကြားဖူးခဲ့သည်။ထို့ကြောင့် ဘွဲ့နှင်းသဘင်အခမ်းအနားဆီသို့ ရောက်ဖူးရန် စိတ်ကူးမယဥ်ဖူးခဲ့ပေ။သို့သော်လည်း အဖွားအို၏မြေးလေးက ရွာမှ ကီလိုမီတာ၂၀၀၀ ဝေးသော ဟိုချီမင်းမြို့ပေါ်တွင် တက္ကသိုလ်တက်ကာ ဘွဲ့ရခဲ့ပါတယ်။
ထို့ကြောင့် အဖွားသည် မိသားစုနှင့်အတူ မြေးလေး၏ဘွဲ့နှင်းသဘင်အခမ်းအနားကို တက်ရောက်လာခဲ့ကာ ဂုဏ်ယူမဆုံးဖြစ်နေခဲ့ရသည်။ထို့အပြင် ဘွဲ့ယူသည့် စင့်မြင့်ပေါ်တက်ရောက်ပြီး မြေးလေးအတွက် ချီးကျူးဂုဏ်ပြုစကားပင် ဖွင့်ပြောခွင့်ရခဲ့ပါတယ်။
Zawgyi
Leave a Reply