ကျောင်းသို့သွားရာတွင် ဝတ်ဆင်ထားသော ဘောင်းဘီမှာ ခြေမျက်စိမလုံဘဲပေါ်နေသဖြင့် ကျောင်းထဲသို့အဝင်မခံဘဲ အဝတ်ပြန်လဲရန် စေခိုင်းခံခဲ့ရသည့် ၁၃နှစ်အရွယ်ကျောင်းသူ

ကျောင်းသို့သွားရာတွင် ဝတ်ဆင်ထားသော ဘောင်းဘီမှာ ခြေမျက်စိမလုံဘဲပေါ်နေသဖြင့် ကျောင်းထဲသို့အဝင်မခံဘဲ အဝတ်ပြန်လဲရန် စေခိုင်းခံခဲ့ရသည့် ၁၃နှစ်အရွယ်ကျောင်းသူ

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင် အခြေခံကျောင်းများ၌ သတ်မှတ်ထားသော ယူနီဖောင်းဝတ်စုံကို ဝတ်ဆင်ပြီးသာ ကျောင်းသို့လာရောက်ရတာဖြစ်ပါတယ်။ယခုတွင်လည်း အင်္ဂလန်နိုင်ငံမှ အသက်၁၃နှစ်အရွယ် Olivia Harrisonဆိုသည့် အလယ်တန်းကျောင်းသူလေးဟာ ကျောင်ကသတ်မှတ်ထားသော ဝတ်စုံအတိုင်းဝတ်ဆင်ကာ ကျောင်းသို့လာရောက်ခဲ့တာဖြစ်ပါတယ်။သို့သော်လည်း ကျောင်းဝန်းထဲဝင်ရောက်တော့မည့်အချိန်မှ အစောင့်တစ်ဦး၏တားမြစ်ခြင်းကိုညခံခဲ့ရတာဖြစ်ပါတယ်။

အကြောင်းအရင်းကတော့ ဝတ်ဆင်လာသော ဘောင်းဘီမှ အနည်းငယ်တိုနေသောကြောင့် ခြေမျက်စိပေါ်နေခဲ့ခြင်းကြောင့်ဟု သိလိုက်ရပါတယ်။ခြေထောက်အနည်းငယ်ပေါ်နေခြင်းဟာ အခြားကျောင်းသားကျောင်းသူများကို စိတ်အနှောက်အယှက်ဖြစ်စေသည်ဟု ဆိုခဲ့တာဖြစ်ပါတယ်။

Zawgyi




Be the first to comment

Leave a Reply

Your email address will not be published.


*