ကျောင်းသားအားလုံးကို ဘယ်ညာလက်နှစ်ဖက်စလုံးဖြင့် စာရေးတတ်ရန် သင်ကြားပေးနေတဲ့ ကျောင်းတစ်‌ကျောင်း (ရုပ်သံ)

ကျောင်းသားအားလုံးကို ဘယ်ညာလက်နှစ်ဖက်စလုံးဖြင့် စာရေးတတ်ရန် သင်ကြားပေးနေတဲ့ ကျောင်းတစ်‌ကျောင်း (ရုပ်သံ)

အိန္ဒိယနိုင်ငံက ကျေးလက်ဒေသရှိကျောင်းငယ်လေးတစ်ကျောင်းမှာ ကျောင်းသားပေါင်း ၃၀၀ က လက် (ဘယ်၊ ညာ) နှစ်ဖက်စလုံးသန်ကြတာကို သတိပြုမိပါတယ်။ အချက် အလက်များအရ ကမ္ဘာ့လူဦးရေရဲ့ ၁ ရာခိုင်နှုန်းသာ လက် နှစ်ဖက်စလုံးသန်ကြသော်လည်း Madhya Pradesh ကျေးရွာက Veena Vandini ကျောင်းမှာဆိုရင် ရည်မှန်းချက်ကြီးမားတဲ့ တည်ထောင်သူတစ်ဦးဟာ ကျောင်းသားတွေကို ပထမအဆင့်မှစတင်ပြီး ပြောင်းလဲရန်ရည်ရွယ်ခဲ့ပါတယ်။

စစ်သားဟောင်းများ နဲ့ Veena Vandini ကျောင်းတည်ထောင်သူ VP Sharma ဟာ စာရေးရာမှာ လက်နှစ်ဖက်စလုံးသန်တဲ့ အိန္ဒိယနိုင်ငံက ပထမဆုံးသမ္မတ Rajendra Prasad ကို မြင်ပြီးနောက် သူ့ကို inspir ဖြစ်စေခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

“အိန္ဒိယရဲ့ပထမဆုံးသမ္မတ Rajendra Prasad ဟာ လက်နှစ်ဖက်စလုံးဖြင့် ရေးသားခဲ့တဲ့ မဂ္ဂဇင်းတစ်စောင်ကို ကျွန်တော် ဖတ်ခဲ့ဖူးပါတယ်။ ဒါက ကျွန်တော့်ကို စမ်းကြည့်ဖို့ လှုံ့ဆော်စေပါတယ်။ နောက်တော့ ကျွန်တော် ဇာတိရွာမှာ ကျောင်းစတက်တဲ့ကျောင်းသားတွေကို လေ့ကျင့်ပေးခဲ့လိုက်ပါတယ်။ ” လို့ VP Sharma က ပြောကြားခဲ့ပါတယ်။

“ ကျွန်တော်တို့က ကျောင်းသားတွေကို standard I ကနေ စလေ့ကျင့်ပေးခဲ့ပြီး သူတို့ဟာ standard III ကို ရောက်တဲ့အချိန်မှာ လက်ဘယ်ညာနှစ်ဖက်စလုံး နဲ့ ရေးရတာအဆင်ပြေလာပါတယ်။ Standard VII ,VIII ကျောင်းသားတွေကတော့ မြန်မြန်ဆန်ဆန် နဲ့ တိကျစွာရေးနိုင်ကြပါတယ်။ ဒါ့အပြင် scripts နှစ်ခုကိုတစ်ပြိုင်တည်း ရေးနိုင်ခဲ့ပါသေးတယ်။ ကျောင်းသားတွေဟာ Urdu ဘာသာစကားအပါအဝင် အခြားဘာသာစကားများစွာကိုလည်း သိရှိထားကြပါတယ်။ ” လို့ VP Sharma က ထပ်မံပြောကြားခဲ့ပါတယ်။

Veena Vandini ကျောင်းမှာ ၄၅ မိနစ်တိုင်း လက်ရေးလေ့ကျင့်မှုအတွက် ၁၅ မိနစ်ပါဝင်ပြီး ကျောင်းသားတိုင်းဟာ လက်နှစ်ဖက်စလုံး နဲ့ ရေးသားနိုင်စွမ်း တိုးတက်လာစေခဲ့ပါတယ်။ VP Sharma ရဲ့ ရည်ရွယ်ချက်က ကျောင်းသားများကိုဘာသာစကားမျိုးစုံ သင်ယူနိုင်စေပြီး၊ တူညီတဲ့ စကားလုံးများကို တစ်ချိန်တည်းမှာ မတူကွဲပြားတဲ့ ဘာသာစကားများဖြင့် ရေးသားခြင်းကိုလေ့ကျင့်စေချင်တယ် လို့ ယုံကြည်ခဲ့ပါတယ်။

၎င်းဟာ အာရုံစူးစိုက်မှုကို တိုးမြှင့်စေတယ် လို့ ကျယ်ပြန့်စွာ ယုံကြည်ထားပေမဲ့လည်း မကြာသေးမီက လေ့လာမှုများအရ ၎င်းဟာမှားယွင်းကြောင်း နောက်ပြီး လက်တွေ ဘယ်ညာသန်အောင် လေ့လာခြင်းဟာ က‌လေးငယ်တွေရဲ့ သိမြင်မှုဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်ကြောင်း ဖော်ပြလာခဲ့ပါတယ်။

သိပ္ပံဆိုင်ရာအမေရိကန်လေ့လာမှု တစ်ခုအရ လက်ဘယ်ညာသန်တဲ့ ကလေးတွေဟာ အထူးသဖြင့်သင်္ချာ၊ မှတ်ဉာဏ် နဲ့ ဆင်ခြင် တုံတရားဆိုင်ရာ ကျိုးကြောင်းဆင်ခြင်မှုတို့အတွက် ပြဿနာရှိနိုင်ကြောင်း နောက်ပြီး မြောက်ပိုင်းဖင်လန်နိုင်ငံရဲ့ လေ့လာမှုအရ လက်ဘယ်ညာသန်တဲ့ကလေးများက ADHD အပါအဝင် ဘာသာစကားပြဿနာများ နဲ့ ပညာရေးဆိုင်ရာပြဿနာများအပါအဝင် စိတ်ကျန်းမာရေး ပြဿနာများဖြစ်ပေါ်ရန် ပိုမိုဖြစ်နိုင်ခြေရှိတယ် လို့ ဖော်ပြခဲ့ပါတယ်။

VP Sharma ဟာ ကျောင်းကို Singrauli ခရိုင် Madhya Pradesh ကျေးရွာ မှာ စတင်တည်ထောင်ခဲ့ပါတယ်။ Mr. Sharma ရဲ့ ကျောင်းကို တောင်ကိုရီးယားသုတေသီများက လက်ဘယ်ညာသန်ခြင်းအကြောင်းပိုမိုသိရှိရန် လွန်ခဲ့တဲ့ ၂ နှစ်ကကျောင်းသားများ လာရောက်လေ့လာခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*