ကျောင်းဝတ်စုံမတတ်နိုင်လို့အကိုဖြစ်သူရဲ့uniformဝတ်လာခဲ့တဲ့ကျောင်းသားလေးကို၊uniformအသစ်ဝယ်ပေးခဲ့တဲ့ကျောင်းဆရာရဲ့လေးစားဖွယ်လုပ်ရပ်

ကျောင်းဝတ်စုံမတတ်နိုင်လို့အကိုဖြစ်သူရဲ့uniformဝတ်လာခဲ့တဲ့ကျောင်းသားလေးကို၊uniformအသစ်ဝယ်ပေးခဲ့တဲ့ကျောင်းဆရာရဲ့လေးစားဖွယ်လုပ်ရပ်

အချို့သောကျောင်းဆရာဆရာမများဟာကျောင်းသားတွေအပေါ်ကိုယ်ကျိုးစွန့်ပီး၊သားသမီးသဖွယ်သင်ယူစောင့်ရှောက်တတ်ကြသူများပင်ဖြစ်ကြပါတယ်။ယခုဖော်ပြပေးမဲ့ကျောင်းဆရာဟာလဲ၊၎င်းရဲ့ကျောင်းထဲကကျောင်းဝတ်စုံမတတ်နိုင်တဲ့ခလေးတစ်ယောက်ကို၊ဂရုဏသက်မိလို့ကျောင်းဝတ်စုံဝယ်ပေးခဲ့တဲ့ပုံရိပ်တွေဟာsocial mediaမှာပျံ့နှံ့နေခဲ့ပီး၊လူအများရဲ့လေးစားချီးကျူး လေးစားခြင်းကိုခံနေရပါတယ်။

မလေးရှားနိုင်ငံကကျောင်းဆရာတစ်ဦးဟာ၊Grade(3)မှာပညာသင်ကြားနေတဲ့ကျောင်းသားလေးကိုကျောင်းဝင်းထဲမှာအကျီဆိုဒ်ကြီးဝတ်ပီးအဆင်မပြေတရွတ်တိုက်လမ်းလျှောက်နေတာကိုတွေ့ခဲ့လို့၊ထိုကျောင်းသားလေးကိုမေးခဲ့ပါိတယ်။အကြောင်းကတော့ထိုကျောင်းသားလေးဟာ၊ကျောင်းuniformမရှိလို့အကိုဖြစ်သူGrade(6)ကျောင်းသားရဲ့ဝတ်စုံကိုယူဝတ်လာပီး၊အကို့ရဲ့ရှူးဖိနပ်ဆိုဒ်ကြီးကိုပါဝတ်ထားရတာပါလို့ပြောပြပါတယ်။

ထိုကျောင်းသားလေးရဲ့မိသားစုဟာချို့တဲ့တဲ့မိသားစုတစ်စုဖြစ်တာကိုသိလိုက်ရတဲ့အတွက်၊ကျောင်းဆရာကထိုကျောင်းသားလေးရဲ့အဖြစ်ကိုမကြည့်ရက်လို့၊ကျောင်းဝတ်စုံရောင်းတဲ့စတိုးဆိုင်ကိုခေါ်သွားပီးကျောင်းဝတ်စုံသစ်အပြင်၊ရှူးဖိနပ်လေးပါဆင်ပေးလိုက်တာကြောင့်ကျောင်းသားလေးခမျာအပျော်ကြီးပျော်နေခဲ့ပီး၊ကျောင်းဆရာလဲဝမ်းသာပီတိဖြစ်ခဲ့ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*