
ကျောင်းရက်ရှည်ပိတ်ထားသည့်အတွက် တစ်ယောက်တည်းနေရတာပျင်းလို့ဟုဆိုကာ ယောကျာ်းယူဖို့ ဆုံးဖြတ်လိုက်ပြီဆိုသည့် ဆရာမတစ်ဦး
ကမ္ဘာ့ကပ်ဆိုးရောဂါကြီး၏အကြောင်းကိုတော့ လူတိုင်းက သိနေကြပြီဖြစ်ပေသည်။ဆိုးရွားလှသောအခြေအနေတွေကြောင့် ကမ္ဘာတစ်ခုလုံးဟာ ထိခိုက်ပျက်စီးခဲ့ရပြီး အာရှရှိဒေသအများစုတွင် ယခုထိတိုင် ခံစားနေရဆဲဖြစ်ပါတယ်။ထို့ကြောင့် စာသင်ကျောင်းများပိတ်ထားရသောအခါ ဗီယက်နမ်မှ ဆရာမတစ်ဦးဟာ လည်း အတော်လေးပျင်းနေပုံရပါတယ်။
တစ်ယောက်တည်း ကျောင်းပိတ်ရက်များကို နေ့စဥ်ဖြတ်သန်းနေရသည့်အတွက် အထီးကျန်သလို ခံစားနေရပြီး ယောကျာ်းယူလိုက်တာ အကောင်းဆုံးဖြစ်မည်ဟု ဆိုရှယ်မီဒီယာတွင် တင်ခဲ့တာဖြစ်ပါတယ်။ထိုအခါ သူငယ်ချင်းများကလည်း စနောက်သည်အထင်နှင့် တကယ်ယူဖို့ အားပေးခဲ့ကြတာဖြစ်ပါတယ်။
နောက်ရက်အနည်းငယ်အကြာတွင်တော့ ဆရာမဟာ အမှန်တကယ်ပင် ချစ်သူကောင်လေးနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးပြီး မင်္ဂလာဆောင်ခဲ့ပါတော့တယ်။
Zawgyi
Leave a Reply