
ကျောင်းယူနီဖောင်းဝတ်ပြီး သင်ခန်းစာတွေလေ့လာနေတဲ့ ချစ်စရာပုံလေးတွေကြောင့် ရေပန်းစားနေတဲ့ ခွေးမလေး
ခွေးတွေက လူတွေရဲ့ အကောင်းဆုံးသူငယ်ချင်းဖြစ်ပြီး အမှန်တကယ်ပင် လူတို့ရဲ့ မိသားစုတွင် ပါဝင်သူလည်းဖြစ်ပါတယ် ။ Antipolo မြို့က Lizeth Orbigoso Saludar လို့ခေါ်တဲ့ အမျိုးသမီးဟာ သူမရဲ့မိသားစုမှာ Camila ဆိုတဲ့ ခွေးမတစ်ကောင်ရှိပါတယ် ။ ဒါပေမဲ့ Camila ကို အိမ်ထဲမှာ လွတ်လပ်ခွင့်ပေးခဲ့ပါတယ် ။
မိသားစုတွေက တစ်ခါတစ်ရံမှာ သူမကို အဝတ်အစားများနဲ့ ဝတ်စုံများကို ချုပ်ပေးပြီး ဝတ်ဆင်ပေးလေ့ရှိပါတယ် ။ မကြာသေးမီက သူမကို ကျောင်းယူနီဖောင်းများ ဝတ်ဆင်စေပြီး အလွန်ချစ်စရာကောင်းလှပါတယ် ။
ခွေးမလေးဟာ ကျောင်းဝတ်စုံနဲ့ သင်ခန်းစာတွေလေ့လာခြင်းအားဖြင့် ဓာတ်ပုံရိုက်ပေးခဲ့ပါတယ် ။ Camila က သင်ခန်းစာကို တကယ်လေ့လာနေတဲ့ပုံစံကြောင့် သူမဟာ အင်တာနက်အသုံးပြုသူများစွာကို ပြုံးရွှင်စေခဲ့ပါတယ် ။ ဒီခွေးမလေးက ကျောင်းယူနီဖောင်းလေးနဲ့မို့ တကယ့်ကိုချစ်စရာကောင်းလှပါတယ် ။
Zawgyi
Leave a Reply