ကျောင်းမှပြန်လာတိုင်း မိခင်ဖြစ်သူဧ။်အုတ်ဂူသို့ သွားရောက်၍ အလွမ်းများဖြေကာ အနမ်းပေးခဲ့သော ၂နှစ်အရွယ်ကောင်လေး
သေခြင်းတရားသည် လူသားတိုင်း ရှောင်လွဲ၍မရသော ကံကြမ္မာဆိုးတစ်ခုဖြစ်ပြီး မိမိချစ်ရသူများအား ထာဝရဆုံးရှုံးလိုက်ရသူများမှာ မည်သို့ဝမ်းနည်း ကြေကွဲရသည့် ခံစားချက်ကို တော်တော်များများ ခံစားဖူးကြမှာပါ။
ယခုအခါတွင်လည်း ဗီယက်နမ်နိုင်ငံမှ ၂နှစ်အရွယ် ကျောင်းသားလေးသည် သေဆုံးသွားသော မိခင်ဖြစ်သူကို အရမ်းလွမ်းဆွတ် သတိရနေလျက် ရှိကာ ပြန်လိုချင်သော်လည်း မရနိုင်တော့သည့် အခြေအနေကို ရောက်သွားပြီဖြစ်၍ ဝမ်းနည်းကြေကွဲရုံမှတစ်ပါး မတတ်နိုင်တော့သည့် အခြေအနေကို ရင်ဆိုင်ခဲ့ရသည်။
မည်သို့ပင် ပြည့်စုံချမ်းသာနေပါစေ မိဘအစုံအလင်မရှိသည့် ဘဝကို မိဘမဲ့ဖြစ်သူများကသာ အသိဆုံးဖြစ်နေပါလိမ့်မည်။ကောင်လေးဧ။် မိခင်ဖြစ်သူသည် နေမကောင်းဖြစ်ပြီး အချိန်မှီမကုသနိုင်ခဲ့၍ လောကကြီးက အပြီးပိုင်ထွက်သွားခဲ့ရသည်။
ကောင်လေးသည် တစ်နေ့တစ်နေ့ မိခင်ကို လွမ်းသည့်စိတ်များကို မဖျောက်နိုင်ခဲ့၍ စာသင်ကျောင်းမှ အတန်းတက်ပြီး အိမ်သို့ပြန်လာတိုင်း မိခင်အုတ်ဂူသို့ သွားရောက်ကာ ဓာတ်ပုံလေးအား ကြည့်ရင်း ကြင်နာစွာ အနမ်းပေးလျက် ရှိသည်။
ထိုကောင်လေးဧ။် အဖြစ်အပျက်ကို ကြည့်ပြီးအများမှ ထပ်တူကြေကွဲ ဝမ်းနည်းမိခဲ့ကြသည်။
Zawgyi
Leave a Reply