ကျောင်းမှန်မှန်တက်ချင်ပြီး ညီလေးကိုလည်းတစ်ယောက်ထဲမထားခဲ့ရက်နိုင်လို့ ကျောင်အတူခေါ်လာလေ့ရှိတဲ့ ကောင်လေး

ကျောင်းမှန်မှန်တက်ချင်ပြီး ညီလေးကိုလည်းတစ်ယောက်ထဲမထားခဲ့ရက်နိုင်လို့ ကျောင်အတူခေါ်လာလေ့ရှိတဲ့ ကောင်လေး

ဖိလစ်ပိုင်နိုင်ငံမှာနေထိုင်တဲ့ Shyla Mie Brillantes အမည်ရှိတဲ့ကျောင်းဆရာတစ်ဦးဟာ 5တန်းအရွယ် ကျောင်းသားတစ်ဦးရဲ့ဘဝအဖြစ်အပျက်ကို သူ့ရဲ့ social media ပေါ်မှာ ဝေမျှပေးသွားခဲ့ပါတယ် ။ 9 နှစ်သားအရွယ် Mateo Bano အမည်ရှိတဲ့ ကျောင်းသားဟာ သူ့နဲ့အတူ ကျောင်းတက်ဖို့အသက်မပြည့်သေးတဲ့ညီငယ်လေးကို အမြဲကျောင်းသို့အတူခေါ်လာတတ်ပါတယ် ။

ကျောင်းဆရာရဲ့ ပြောပြချက်အရ Mateo တို့မိသားစုဟာ ပြီးခဲ့တဲ့နှစ်က မိခင်ဖြစ်သူ သေဆုံးသွားခဲ့လို့ အတော်လေးခက်ခဲရုန်းကန်နေခဲ့ကြရတာပါ ။ ဖခင်ဖြစ်သူကလည်း ရွေးချယ်စရာမရှိလို့အဆုံး မြို့မှာတက်ပြီး အလုပ်လုပ်ကိုင်နေလျက်ရှိပါတယ် ။

Mateo မှာ အစ်ကိုတစ်ယောက် နဲ့ ညီတစ်ယောက်ရှိပါတယ် ။ အစ်ကိုဖြစ်သူကလည်း တစ်ခါတစ်လေ ညီအငယ်ဆုံးကိုအတူ ကျောင်းသို့အတူ ခေါ်သွားတတ်ပါတယ် ။ နေအိမ်မှာလည်း အစ်ကိုဖြစ်သူတစ်ယောက်တည်းကသာ ချက်ပြုတ်တတ်လို့ တစ်ခါတစ်လေ ထမင်းနပ်မှန်အောင် မစားရဘူး ။ ဒါကြောင့် ကျောင်းက အဆိုပါညီအစ်ကို 3 ယောက်လုံးကို အစားအသောက်များကျွေးမွေး ထောက်ပံ့ထားလေ့ရှိပါတယ် ။ ကျောင်းမှလည်း ၎င်းတို့ညီငယ်လေးကို ကျောင်းအမြဲခေါ်လာခွင့်ပြုထားကြောင်း သိရှိရပါတယ် ။

Mateo ရဲ့ဓာတ်ပုံဟာ social media ပေါ်မှာ အတော်လေးရေပန်းစားခဲ့ပြီးနောက် လူအတော်အများက ၎င်းတို့ညီအစ်ကိုကို ထောက်ပံ့လှူဒါန်းပေးခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း ကျောင်းဆရာများက Mateo တို့ ညီအစ်ကိုအတွက် ငွေကြေးပေးအပ်တာမျိုးကိုလက်ခံဘဲ ၊ အစားအသောက် နဲ့ ကျောင်းသုံးပစ္စည်းများကိုသာ ပေးအပ်လှူဒါန်ကြဖို့ တောင်းဆိုလျက်ရှိပါတယ် ။

Zawgyi

ေက်ာင္းမွန္မွန္တက္ခ်င္ၿပီး ညီေလးကိုလည္းတစ္ေယာက္ထဲမထားခဲ့ရက္ႏိုင္လို႔ ေက်ာင္အတူေခၚလာေလ့ရွိတဲ့ ေကာင္ေလး


ဖိလစ္ပိုင္ႏိုင္ငံမွာေနထိုင္တဲ့ Shyla Mie Brillantes အမည္ရွိတဲ့ေက်ာင္းဆရာတစ္ဦးဟာ 5တန္းအ႐ြယ္ ေက်ာင္းသားတစ္ဦးရဲ႕ဘဝအျဖစ္အပ်က္ကို သူ႔ရဲ႕ social media ေပၚမွာ ေဝမွ်ေပးသြားခဲ့ပါတယ္ ။ 9 ႏွစ္သားအ႐ြယ္ Mateo Bano အမည္ရွိတဲ့ ေက်ာင္းသားဟာ သူ႔နဲ႔အတူ ေက်ာင္းတက္ဖို႔အသက္မျပည့္ေသးတဲ့ညီငယ္ေလးကို အၿမဲေက်ာင္းသို႔အတူေခၚလာတတ္ပါတယ္ ။

ေက်ာင္းဆရာရဲ႕ ေျပာျပခ်က္အရ Mateo တို႔မိသားစုဟာ ၿပီးခဲ့တဲ့ႏွစ္က မိခင္ျဖစ္သူ ေသဆုံးသြားခဲ့လို႔ အေတာ္ေလးခက္ခဲ႐ုန္းကန္ေနခဲ့ၾကရတာပါ ။ ဖခင္ျဖစ္သူကလည္း ေ႐ြးခ်ယ္စရာမရွိလို႔အဆုံး ၿမိဳ႕မွာတက္ၿပီး အလုပ္လုပ္ကိုင္ေနလ်က္ရွိပါတယ္ ။

Mateo မွာ အစ္ကိုတစ္ေယာက္ နဲ႔ ညီတစ္ေယာက္ရွိပါတယ္ ။ အစ္ကိုျဖစ္သူကလည္း တစ္ခါတစ္ေလ ညီအငယ္ဆုံးကိုအတူ ေက်ာင္းသို႔အတူ ေခၚသြားတတ္ပါတယ္ ။ ေနအိမ္မွာလည္း အစ္ကိုျဖစ္သူတစ္ေယာက္တည္းကသာ ခ်က္ျပဳတ္တတ္လို႔ တစ္ခါတစ္ေလ ထမင္းနပ္မွန္ေအာင္ မစားရဘူး ။ ဒါေၾကာင့္ ေက်ာင္းက အဆိုပါညီအစ္ကို 3 ေယာက္လုံးကို အစားအေသာက္မ်ားေကြၽးေမြး ေထာက္ပံ့ထားေလ့ရွိပါတယ္ ။ ေက်ာင္းမွလည္း ၎တို႔ညီငယ္ေလးကို ေက်ာင္းအၿမဲေခၚလာခြင့္ျပဳထားေၾကာင္း သိရွိရပါတယ္ ။

Mateo ရဲ႕ဓာတ္ပုံဟာ social media ေပၚမွာ အေတာ္ေလးေရပန္းစားခဲ့ၿပီးေနာက္ လူအေတာ္အမ်ားက ၎တို႔ညီအစ္ကိုကို ေထာက္ပံ့လႉဒါန္းေပးခဲ့ၾကပါတယ္ ။ သို႔ေပမဲ့လည္း ေက်ာင္းဆရာမ်ားက Mateo တို႔ ညီအစ္ကိုအတြက္ ေငြေၾကးေပးအပ္တာမ်ိဳးကိုလက္ခံဘဲ ၊ အစားအေသာက္ နဲ႔ ေက်ာင္းသုံးပစၥည္းမ်ားကိုသာ ေပးအပ္လႉဒါန္ၾကဖို႔ ေတာင္းဆိုလ်က္ရွိပါတယ္ ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*