
ကျောင်းဆုပေးပွဲပြီးနောက် အခြားကလေးတွေလို ဖုန်းနှင့်ဂိမ်းပစ္စည်းတွေ မတောင်းဆိုဘဲ ဆိတ်တစ်ကောင်သာ ပေးဖို့တောင်းဆိုခဲ့တဲ့ ကလေးငယ်
ကလေးငယ်အတော်များများက မိဘတွေကို ဖုန်း နှင့် ဂိမ်းအပိုပစ္စည်းကိရိယာတွေကိုသာ တောင်းဆိုတတ်ကြပေမဲ့ ဒီတစ်ခေါက်ဖော်ပြမဲ့ ကလေးငယ်ကတော့ မူလတန်းအဆင့်အတန်းပြီးမြောက်တဲ့ဆုပေးပွဲနေ့မှာ လက်ဆောင်အနေနဲ့ ဆိတ်တစ်ကောင်ပေးဖို့တောင်းဆိုခဲ့ပါတယ် ။
ဖိလစ်ပိုင်နိုင်ငံမှာနေထိုင်တဲ့ 11 နှစ်အရွယ်သာရှိသေးတဲ့ Alwytz Robiniol Gaoiran အမည်ရှိတဲ့ ကလေးငယ်ဟာ တိရစ္ဆာန်တွေကိုချစ်ခင်နှစ်သက်သူဖြစ်ပြီး ၊ ဖခင်ဖြစ်သူက လယ်သမားတစ်ဦးဖြစ်ကာ မိခင်ဖြစ်သူက အိမ်ဖော်တစ်ယောက်အနေနဲ့ လုပ်ကိုင်ကာ သားသမီး 7 ဦးကို ထောက်ပံ့နေရတာပါ ။ ထို့ကြောင့် Alwytz လိုချင်တဲ့ ဆိတ်ကို မဝယ်ပေးနိုင်ခဲ့ပါဘူး ။
သို့ပေမဲ့လည်း Alwytz ရဲ့ အစ်ကိုအကြီးဖြစ်သူAlvin ကတော့ မနီလာမြို့မှာ အလုပ်သွားရောက်လုပ်ကိုင်နေသူဖြစ်ပြီး ၊ ညီငယ်ဖြစ်သူက ဂိမ်းပစ္စည်းတွေမတောင်းဘဲ ဆိတ်တစ်ကောင်သာ တောင်းတဲ့အတွက် ညီငယ်အစား ဂုဏ်ယူနေသူပါ ။ ထို့ကြောင့် ညီဖြစ်သူအတွက် ဆိတ်မတစ်ကောင်ဝယ်ပေးခဲ့ပြီး ၊ ဆိတ်မလေးက ကိုယ်ဝန်နဲ့မို့ပိုပြီးဂရုစိုက်ပေးဖို့ Alwytz ကို မှာကြားခဲ့ပါတယ် ။
အရင်ချိန်ကတည်းကလိုချင်ပေမဲ့လည်း မရခဲ့တဲ့ဆိတ်ကို လက်ဆောင်အနေနဲ့ ရရှိခဲ့လို့ ဝမ်းသာမဆုံး ၊ ပီတအပြုံးနဲ့ Alwytz ရဲ့မျက်နှာကို ဓာတ်ပုံထဲမှာ အထင်းသားကြီး မြင်တွေ့ကြရမှာပါ ။
Zawgyi
ေက်ာင္းဆုေပးပြဲၿပီးေနာက္ အျခားကေလးေတြလို ဖုန္းႏွင့္ဂိမ္းပစၥည္းေတြ မေတာင္းဆိုဘဲ ဆိတ္တစ္ေကာင္သာ ေပးဖို႔ေတာင္းဆိုခဲ့တဲ့ ကေလးငယ္
ကေလးငယ္အေတာ္မ်ားမ်ားက မိဘေတြကို ဖုန္း ႏွင့္ ဂိမ္းအပိုပစၥည္းကိရိယာေတြကိုသာ ေတာင္းဆိုတတ္ၾကေပမဲ့ ဒီတစ္ေခါက္ေဖာ္ျပမဲ့ ကေလးငယ္ကေတာ့ မူလတန္းအဆင့္အတန္းၿပီးေျမာက္တဲ့ဆုေပးပြဲေန႔မွာ လက္ေဆာင္အေနနဲ႔ ဆိတ္တစ္ေကာင္ေပးဖို႔ေတာင္းဆိုခဲ့ပါတယ္ ။
ဖိလစ္ပိုင္ႏိုင္ငံမွာေနထိုင္တဲ့ 11 ႏွစ္အ႐ြယ္သာရွိေသးတဲ့ Alwytz Robiniol Gaoiran အမည္ရွိတဲ့ ကေလးငယ္ဟာ တိရစာၦန္ေတြကိုခ်စ္ခင္ႏွစ္သက္သူျဖစ္ၿပီး ၊ ဖခင္ျဖစ္သူက လယ္သမားတစ္ဦးျဖစ္ကာ မိခင္ျဖစ္သူက အိမ္ေဖာ္တစ္ေယာက္အေနနဲ႔ လုပ္ကိုင္ကာ သားသမီး 7 ဦးကို ေထာက္ပံ့ေနရတာပါ ။ ထို႔ေၾကာင့္ Alwytz လိုခ်င္တဲ့ ဆိတ္ကို မဝယ္ေပးႏိုင္ခဲ့ပါဘူး ။
သို႔ေပမဲ့လည္း Alwytz ရဲ႕ အစ္ကိုအႀကီးျဖစ္သူAlvin ကေတာ့ မနီလာၿမိဳ႕မွာ အလုပ္သြားေရာက္လုပ္ကိုင္ေနသူျဖစ္ၿပီး ၊ ညီငယ္ျဖစ္သူက ဂိမ္းပစၥည္းေတြမေတာင္းဘဲ ဆိတ္တစ္ေကာင္သာ ေတာင္းတဲ့အတြက္ ညီငယ္အစား ဂုဏ္ယူေနသူပါ ။ ထို႔ေၾကာင့္ ညီျဖစ္သူအတြက္ ဆိတ္မတစ္ေကာင္ဝယ္ေပးခဲ့ၿပီး ၊ ဆိတ္မေလးက ကိုယ္ဝန္နဲ႔မို႔ပိုၿပီးဂ႐ုစိုက္ေပးဖို႔ Alwytz ကို မွာၾကားခဲ့ပါတယ္ ။
အရင္ခ်ိန္ကတည္းကလိုခ်င္ေပမဲ့လည္း မရခဲ့တဲ့ဆိတ္ကို လက္ေဆာင္အေနနဲ႔ ရရွိခဲ့လို႔ ဝမ္းသာမဆုံး ၊ ပီတအၿပဳံးနဲ႔ Alwytz ရဲ႕မ်က္ႏွာကို ဓာတ္ပုံထဲမွာ အထင္းသားႀကီး ျမင္ေတြ႕ၾကရမွာပါ ။
Leave a Reply