ကျောင်းစရိတ်အတွက် ကိုယ်တိုင် ညတိုင်း အပြင်မှာ နောက်ကျတဲ့အထိ မုန့်ထွက်ရောင်းနေခဲ့တဲ့ ကောင်လေး

မကြာသေးခင်က netizen တစ်ဦးရဲ့ပြန်လည်မျှဝေပေးမှုကြောင့် ၇တန်းကျောင်းသားအရွယ် ကောင်လေးတစ်ဦးရဲ့ မုန့်ရောင်းရင်း ပင်ပန်းနွမ်းနယ်နေတဲ့ပုံရိပ်အချို့ဟာ social media ပေါ်သို့ ပျံ့နှံ့ကာ လူသိများသွားခဲ့ပါတယ်။အဆိုပါကောင်လေးဟာ ကျောင်းတွင် မိမိကိုယ်ကိုထောက်ပံ့ရန် ငွေအနည်းငယ်ရရန်အတွက် အပြင်မှာ နောက်ကျတဲ့အထိ မုန့်ရောင်းလေ့ရှိပါတယ်။Areane Reanoga Tabalan အမည်ရှိ netizen တစ်ဦးက အဆိုပါကောင်လေးဟာ သူ့အား ပင်ပန်းနွမ်းနယ်ပြီးအိပ်ချင်နေတဲ့အတွက် ထိုင်ခုံမှာ ထိုင်ခိုင်းလို့ရမလားလို့ မေးခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

သာမန်ကျောင်းသားတွေအတွက် မနက် ၇နာရီမှာ ကျောင်းတက်ရမည်ဖြစ်တာကြောင့် ကောင်လေးဟာ ထိုကဲ့သို့သော ညသန်းခေါင်အချိန်မှာ အိမ်မှာ ရှိနေသင့်ပြီဖြစ်ပါတယ်။သို့ပေမဲ့ ကောင်လေးမှာ ရောင်းရန်မုန်ု့များကျန်ရှိနေသေးတာကြောင့် သူတတ်နိုင်သလောက်များများရောင်းရအောင် လုပ်ချင်သောကြောင့် အိမ်ပြန်ဖို့ရန် ငြင်းဆန်နေခဲ့ပါတယ်။

ကောင်လေးဟာ အိမ်မှာ စိတ်အေးလက်အေးအနားယူနိုင်ရန်အတွက် မုန့်တွေကိုအကုန်ရောင်းကုန်ရမယ်လို့ မျှော်လင့်ထားပုံပါဘဲ။၎င်းအဖြစ်အပျက်ကို Areane Reanoga Tabalan က “ ဒီကလေးက သာမန်ကလေးတွေထပ် စိတ်အားထက်သန်မဲ့ပုံပါ ၊ သူအခု အရမ်းပင်ပန်းနွမ်းနယ်နေပေမဲ့ မုန့်အကုန်ရောင်းရပြီး အိမ်ပြန်ဖို့ ကြိုးစားနေတယ် ၊ ဒီလို ညသန်းခေါင်ချိန်ကြီးမှာ ပင်ပန်းလို့ ခဏထိုင်လို့ရမလားဆိုပီး ကျွန်တော်တို့ ထိုင်ခုံဘေးမှာ လာတောင်းထိုင်နေတယ် ၊ ကျွန်တော်တို့ သူ့ကို ကူညီပေးသင့်တယ်လို့ ထင်တယ်” ဟု သူ့ရဲ့ Facebook မှာ ပြန်လည် မျှဝေပေးခဲ့ပါတယ်။အဆိုပါကောင်လေးဟာ သူကြုံတွေ့နေရတဲ့အခက်အခဲများကြောင့် သူမအိပ်နိုင်သည့်အချက်ရှိနေသော်လည်း မငြီးငြူဘဲ ညစဉ်ညတိုင်း အပြင်သို့ မုန့်ရောင်းထွက်လေ့ရှိပါတယ်။

များစွာသော အင်တာနက်အသုံးပြုသူများက ကောင်လေးရဲ့ဇွဲလုံလရှိမှု အထူးသဖြင့် သူဟာ ကျောင်းတက်ရန် ကိုယ်တိုင်ငွေရှာနိုင်ခြင်းကြောင့် ကောင်လေးအား ချီးကျူးကာ တစ်ဖက်တစ်လမ်းကနေ ကူညီပေးဖို့ အချင်းချင်း တိုင်ပင်ဆွေးနွေးခဲ့ကြပါတယ်။အင်တာနက်အသုံးပြုသူများက ကောင်လေးကဲ့သို့သော ကလေးများဟာ အကူအညီရထိုက်ပြီး ဖြစ်နိုင်လျှင့် ပညာတော်သင်ဆုပါ ပေးသင့်ကြောင်း ဆိုခဲ့ကြပါတယ်။

အဆိုပါ post ပျံ့နှံ့သွားပြီးနောက် အဆိုပါကောင်လေးကို ဖိလစ်ပိုင်နိုင်ငံ Marikina မြို့ Malanday ရပ်ကွက်မှာ နေထိုင်တဲ့သူ့အိမ်နီးချင်းတစ်ဦးက ကောင်လေးရဲ့နာမည်မှာ Jerahmeel Dela Cruz လို့ခေါ်ပြီး ရပ်ကွက်ထဲမှာ Memeng လို့ ခေါ်ဝေါ်ကြကြောင်း ပြောပြခဲ့ပါတယ်။ Memeng ဟာ သူနေထိုင်တဲ့ဧရိယာမှာ မုန့်များလာရောက်လှည့်ပတ်ရောင်းချလေ့ရှိပြီး သူဟာ သူ့မိဘတွေကို ကူညီချင်တဲ့အပြင် သူ့ကျောင်းစရိတ်အတွက်လည်း ပိုက်ဆံရှာတတ်တယ် ၊ ချစ်ဖို့ကောင်းပြီး လေးစားစရာကောင်းတဲ့ ကောင်လေးတစ်ယောက်ပါလို့ အဆိုပါ post အား မှတ်ချက်ပေးခဲ့တဲ့ သူ့အိမ်နီးချင်းက ၎င်းကဲ့သို့ ပြောကြားခဲ့ပါသေးတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*