
ကျောင်းကို နေ့လည်စာဗူးဗလာနဲ့ ကျောင်းလာခဲ့တဲ့ ကောင်လေးကို စားစရာနည်းနည်းစီစုပြီး ပေါင်းပေးခဲ့တဲ့ အတန်းဖော်များ (ရုပ်သံ)
လူတစ်ယောက်ကို ကူညီရတာက ကမ္ဘာကြီးကိုမပြောင်းလဲနိုင်ပေမဲ့ လူတစ်ယောက်အတွက်နဲ့ ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်ပါတယ် ။ နေ့လည်စာအလွတ်ဗလာနဲ့ ကျောင်းကိုသွားခဲ့တဲ့ကျောင်းသားတစ်ဦးဟာ ထိုအတိုင်းအတိအကျဖြစ်ပျက်ခဲ့ပါတယ် ။ ဗွီဒီယိုထဲမှာ ကျောင်းသားတွေအားလုံး နေ့လည်စာစားချိန်မှာ အစားအစာကိုပျော်မွေ့စွာစားနေကြတဲ့ မြင်ကွင်းတစ်ခုကို တွေ့ရပါတယ် ။ ရွှေရောင်ဆံပင်နဲ့ကျောင်းသားတစ်ယောက်က သူရဲ့နေ့လည်စာဗူးကိုယူပြီး စားပွဲပေါ်တင်လိုက်ပါတယ် ။ သို့ပေမဲ့ ကောင်လေးရဲ့ Lunch box ထဲမှာ ဘာမှမပါရှိခဲ့ပါဘူး ။
ကောင်လေးဟာ သူ့အတန်းဖော်တွေက အသားညှပ်ပေါင်မုန့်နဲ့ သရေစာတွေ မျိုသိပ်နေကြတာကို တွေ့ပြီး ရှက်ရွံ့စွာဖြင့် ကောင်လေးက စင်္ကြံမှဆင်းလာတဲ့ရေအေးနဲ့ အစာဖြည့်ရန် အစာသင်ခန်းမှ ထွက်ခွာခွင့်တောင်းခဲ့ပါတယ် ။
ကောင်လေးက ရေအေးကိုသောက်ပြီး လှေကားထစ်က ပြတင်းပေါက်နာမှာ ငေးကြည့်နေလိုက်ပါတယ် ။ ခဏအကြာမှာ ကောင်လေးက အခန်းထဲက သူ့စားပွဲခုံဆီကို ပြန်လာပြီး သူ့အိတ်ထဲထည့်ဖို့နေ့လယ်စာဗူးကို ယူသွားလိုက်ပါတယ် ။
ဒါပေမဲ့ သူ့ရဲ့နေ့လည်စာဗူးဟာ အရင်ကထက်ပိုမိုလေးလံပုံရတာကြောင့် သူကဖွင့်လိုက်ကြည့်လိုက်တဲ့အခါမှာ သူအံ့အားသင့်သွားတာက သူ့ရဲ့နေ့လည်စာဗူးအလွတ်ထဲမှာ စပျစ်သီး၊ အသားညှပ်ပေါင်မုန့်နဲ့ မုန်လာဥတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ် ။
ကောင်လေးက စာသင်ခန်းကို လှည့်ကြည့်တဲ့အခါ သူ့အတန်းဖော်တွေက သူ့ကိုကြည့်ပြီးပြုံးလိုက်ပါတယ် ။ သူတို့ဟာ ဆာလောင်နေတဲ့ကောင်လေးကို နေ့လည်စာစားရန်အတွက် အချို့မုန့်တွေကို စုပေါင်းပြီးပေးကြတာပါ ။ ၎င်းဟာ ရိုးရိုးလေးဖြစ်ပုံရပေမဲ့လည်း သူ့အတန်းဖော်တွေရဲ့ စဉ်းစားဟန်နဲ့ ကြင်နာမှုရှိတဲ့လုပ်ရပ်ကြောင့် ကောင်လေးက ပြုံးလိုက်ပါတယ် ။
ထိုပျံ့နှံ့သွားတဲ့ ဗွီဒီယိုဟာ ကျောင်းတွေမှာ ဆာလောင်မွတ်သိပ်နေတဲ့ကျောင်းသားများနဲ့ပတ်သက်ပြီး ကမ္ဘာအနှံ့အွန်လိုင်းစကားဝိုင်းတွေကို လှုံ့ဆော်ပေးခဲ့ပါတယ် ။ ကမ္ဘာတစ်လွှားရှိမိဘတွေ နဲ့ ဆရာတွေက ကျောင်းသားတွေကို အလေးထားကြပါတော့တယ် ။
Zawgyi
လူတစ္ေယာက္ကို ကူညီရတာက ကမာၻႀကီးကိုမေျပာင္းလဲႏိုင္ေပမဲ့ လူတစ္ေယာက္အတြက္နဲ႔ ကမာၻႀကီးကို ေျပာင္းလဲေစႏိုင္ပါတယ္ ။ ေန႔လည္စာအလြတ္ဗလာနဲ႔ ေက်ာင္းကိုသြားခဲ့တဲ့ေက်ာင္းသားတစ္ဦးဟာ ထိုအတိုင္းအတိအက်ျဖစ္ပ်က္ခဲ့ပါတယ္ ။ ဗြီဒီယိုထဲမွာ ေက်ာင္းသားေတြအားလုံး ေန႔လည္စာစားခ်ိန္မွာ အစားအစာကိုေပ်ာ္ေမြ႕စြာစားေနၾကတဲ့ ျမင္ကြင္းတစ္ခုကို ေတြ႕ရပါတယ္ ။ ေ႐ႊေရာင္ဆံပင္နဲ႔ေက်ာင္းသားတစ္ေယာက္က သူရဲ႕ေန႔လည္စာဗူးကိုယူၿပီး စားပြဲေပၚတင္လိုက္ပါတယ္ ။ သို႔ေပမဲ့ ေကာင္ေလးရဲ႕ Lunch box ထဲမွာ ဘာမွမပါရွိခဲ့ပါဘူး ။
ေကာင္ေလးဟာ သူ႔အတန္းေဖာ္ေတြက အသားညႇပ္ေပါင္မုန႔္နဲ႔ သေရစာေတြ မ်ိဳသိပ္ေနၾကတာကို ေတြ႕ၿပီး ရွက္႐ြံ႕စြာျဖင့္ ေကာင္ေလးက စႀကႍမွဆင္းလာတဲ့ေရေအးနဲ႔ အစာျဖည့္ရန္ အစာသင္ခန္းမွ ထြက္ခြာခြင့္ေတာင္းခဲ့ပါတယ္ ။
ေကာင္ေလးက ေရေအးကိုေသာက္ၿပီး ေလွကားထစ္က ျပတင္းေပါက္နာမွာ ေငးၾကည့္ေနလိုက္ပါတယ္ ။ ခဏအၾကာမွာ ေကာင္ေလးက အခန္းထဲက သူ႔စားပြဲခုံဆီကို ျပန္လာၿပီး သူ႔အိတ္ထဲထည့္ဖို႔ေန႔လယ္စာဗူးကို ယူသြားလိုက္ပါတယ္ ။
ဒါေပမဲ့ သူ႔ရဲ႕ေန႔လည္စာဗူးဟာ အရင္ကထက္ပိုမိုေလးလံပုံရတာေၾကာင့္ သူကဖြင့္လိုက္ၾကည့္လိုက္တဲ့အခါမွာ သူအံ့အားသင့္သြားတာက သူ႔ရဲ႕ေန႔လည္စာဗူးအလြတ္ထဲမွာ စပ်စ္သီး၊ အသားညႇပ္ေပါင္မုန႔္နဲ႔ မုန္လာဥေတြနဲ႔ ျပည့္ႏွက္ေနခဲ့ပါတယ္ ။
ေကာင္ေလးက စာသင္ခန္းကို လွည့္ၾကည့္တဲ့အခါ သူ႔အတန္းေဖာ္ေတြက သူ႔ကိုၾကည့္ၿပီးၿပဳံးလိုက္ပါတယ္ ။ သူတို႔ဟာ ဆာေလာင္ေနတဲ့ေကာင္ေလးကို ေန႔လည္စာစားရန္အတြက္ အခ်ိဳ႕မုန႔္ေတြကို စုေပါင္းၿပီးေပးၾကတာပါ ။ ၎ဟာ ႐ိုး႐ိုးေလးျဖစ္ပုံရေပမဲ့လည္း သူ႔အတန္းေဖာ္ေတြရဲ႕ စဥ္းစားဟန္နဲ႔ ၾကင္နာမႈရွိတဲ့လုပ္ရပ္ေၾကာင့္ ေကာင္ေလးက ၿပဳံးလိုက္ပါတယ္ ။
ထိုပ်ံ႕ႏွံ႔သြားတဲ့ ဗြီဒီယိုဟာ ေက်ာင္းေတြမွာ ဆာေလာင္မြတ္သိပ္ေနတဲ့ေက်ာင္းသားမ်ားနဲ႔ပတ္သက္ၿပီး ကမာၻအႏွံ႔အြန္လိုင္းစကားဝိုင္းေတြကို လႈံ႕ေဆာ္ေပးခဲ့ပါတယ္ ။ ကမာၻတစ္လႊားရွိမိဘေတြ နဲ႔ ဆရာေတြက ေက်ာင္းသားေတြကို အေလးထားၾကပါေတာ့တယ္ ။
Leave a Reply