ကျောင်းကချီးမြှင့်လိုက်သည့် ထူးချွန်လက်မှတ်လေးကို တစ်မြို့လုံးမြင်အောင်လို့ လက်မှတ်ကို ကျောတွင်ကပ်ပြီး မြို့အနှံ ပတ်သွားပြီးမှ အိမ်ပြန်ခဲ့သည့် ကျောင်းသားလေး

ကျောင်းကချီးမြှင့်လိုက်သည့် ထူးချွန်လက်မှတ်လေးကို တစ်မြို့လုံးမြင်အောင်လို့ လက်မှတ်ကို ကျောတွင်ကပ်ပြီး မြို့အနှံ ပတ်သွားပြီးမှ အိမ်ပြန်ခဲ့သည့် ကျောင်းသားလေး

လူတိုင်းတွင် ငယ်စဥ်အခါ ကျောင်းတတ်ခဲ့သည့် အမှတ်တရလေးတွေ ရှိနေတတ်ကြပါတယ်။အရွယ်ရောက်ပြီးသူတို့ကို ငယ်စဥ်ကျောင်းသားဘဝအား လွမ်းဆွတ်မှုရှိမရှိမေးကြည့်လျှင် အားလုံးသောလူတို့ဟာ လွမ်းဆွတ်ကြောင်း တညီတညွတ်တည်းဖြေကြပေလိမ့်မည်။ကျောင်းသားဘဝသည်သာလျှင် ပျော်ရွင်ဖွယ်အရာပေါင်းစုံကို ပေးစွမ်းနိုင်သော အချိန်ကာလတစ်ခုဖြစ်ပေသည်။

ယခုတွင်လည်း ကျောင်းသားငယ်တစ်ဦး၏ လုပ်ချလိုက်ပုံသည် လူသားအားလုံးတို့ကို ကျောင်းသားဘဝအား ချက်ချင်းလွမ်းဆွတ်စေခဲ့ပေသည်။အကြောင်းမှာ ကျောင်းသားလေးဟာ ကျောင်းတွင် ထူးချွန်သောကြောင့် အသိအမှတ်ပြုလက်မှတ်လေး ချီးမြင့်ခြင်းခံခဲ့ရပါတယ်။

ထို့ကြောင့် ကျောင်းသားလေးဟာ အလွန်ပျော်ရွင်သွားခဲ့ပြီး ကျောင်းဆင်းအိမ်ပြန်ချိန်တွင် လက်မှတ်လေးကို ကျောတွင်ကပ်ကာ လူအများကိုမြင်စေရန်အတွက် မြို့တစ်ပတ်ပတ်ပြီးမှ အိမ်ပြန်ခဲ့တာဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*