
ကျန်းမာရေး ပြဿနာအချို့ကို ဖြေရှင်းနိုင်တဲ့ ထူးဆန်းနည်းလမ်းများ
(၁) ရုတ်တရက် ခေါင်းကိုက်တဲ့အခါ
အကြောင်းအမျိုးမျိုးကြောင့် ရုတ်တရက် ခေါင်းကိုက်လာတဲ့အခါ လက်ဖဝါး နှစ်ဖက်လုံးကို ဖြန့်ပြီး ရေအေးအေးနဲ့ ဆေးကြောပေးခြင်းက သက်သာစေနိုင်ပါတယ်။
ရေအေးရဲ့ အအေးဓာတ်ဟာ ကိုယ်တွင်းသွေးလည်ပတ်မှုကို မြင့်တက်စေပြီး လက်မှာရှိတဲ့ အာရုံခံကြောတွေနဲ ဦးနှောက်ရဲ့ ညာဘက်ခြမ်းတို့ဟာ ဆက်စပ်နေတာကြောင့် ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်တာ ဖြစ်ပါတယ်။
(၂) စိတ်လှုပ်ရှားပြီး ဂနာမငြိမ် ဖြစ်တဲ့အခါ
ပထမဆုံးပြောပြပေးမယ့် နည်းလမ်းကတော့ စိတ်တွေလှုပ်ရှားပြီး ဂနာမငြိမ် ဖြစ်နေတဲ့အခါမျိုးမှာ သင့်ရဲ့ လက်မကို ထောင်ပြီး လေနဲ့ မှုတ်ပေးဖို့ပဲ ဖြစ်ပါတယ်။
လက်မဟာ အာရုံကြောတွေနဲ့ ဆက်စပ်နေတာ ဖြစ်တဲ့အတွက် အခုလိုပြုလုပ်ပေးခြင်းဟာ စိတ်လှုပ်ရှားခြင်းကြောင့် နှလုံးခုန်နှုန်းမြန်ခြင်းနဲ့ သွေးပေါင်ချိန် တက်လာခြင်းကို လျော့ကျစေမှာ ဖြစ်ပါတယ်။
(၃) ဆေးထိုးရမှာ ကြောက်တဲ့အခါ
သင်ဟာ ဆေးထိုးရမှာ ကြောက်သူတဦးဆိုရင် ဆေးထိုးခါနီးအချိန်မှာ ချောင်းဟန့်ခြင်းက ကြောက်စိတ်ကို လျော့ပါးစေပါတယ်။ ချောင်းဟန့်ခြင်းဟာ ဦးနှောက်ရဲ့ စိတ်ရှုပ်ထွေးမှုနဲ့ ကြောက်စိတ်ကို လျော့ပါးစေနိုင်တာကြောင့် ဖြစ်ပါတယ်။
(၄) သွားကိုက် ဝေဒနာ ခံစားရတဲ့အခါ
သွားကိုက်ခြင်းဟာ ခံစားရခက်တဲ့ ဝေဒနာတမျိုးဖြစ်ပြီး စိတ်အနှောင့်အယှက်လည်း ဖြစ်ရပါတယ်။ လက်မှာရှိတဲ့ အာရုံကြောတွေဟာ နာကျင်မှုကို ဦးနှောက်ဆီ အချက်ပြတာဖြစ်တဲ့အတွက်
သွားကိုက်တဲ့အခါ လက်မနဲ့ လက်ညှိုးကြားကနေရာကို ရေခဲကပ်ပေးခြင်းက သွားကိုက်ခြင်းကို သက်သာစေနိုင်ပါတယ်။
(၅) မျိုချရခက်တဲ့ ဆေးလုံးတွေ သောက်တဲ့အခါ
ဆေးသောက်တဲ့အခါ မျိုချရခက်တဲ့ ဆေးလုံးတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်စရာ မလိုတော့ပါဘူး။ ဆေးမျိုချတဲ့အခါ ရေသောက်ပြီး
ဦးခေါင်းကို အပေါ်မော့ခြင်းအစား ဦးခေါင်းကို အောက်ငုံ့လိုက်ခြင်းက လည်မျိုအတွင်းကို ရှောရှောရှူရှူ ကျရောက်သွားစေမှာ ဖြစ်ပါတယ်။
Leave a Reply