
ကျန်းမာရေးမကောင်းလို့ လမ်းလျှောက်ဖို့တောင်အတော်လေးအခက်အခဲတွေ့နေပေမဲ့ မိသားစုအတွက် ဈေးရောင်းထွက်နေရတဲ့ အဘွားအို
ဒီတစ်ခေါက်ဖော်ပြမဲ့ ဖိလစ်ပိုင်နိုင်ငံက အဘွားအိုရဲ့အဖြစ်ကတော့ အတော်လေးကို သနားဖွယ်ကောင်းလွန်းလှပါတယ် ။ အဘွားအိုဟာ ကျန်းမာရေးမကောင်းတော့ဘဲ ခါးမှာလည်းအတော်လေးကုန်းနေပြီမို့ လမ်းလျှောက်ဖို့တောင်အခက်အခဲတွေ့နေရတာပါ ။ သို့ပေမဲ့လည်း မိသားစု စားဝတ်နေရေးအတွက် Puto လို့ခေါ်တဲ့ မုန့်တစ်မျိုးကို လိုက်လံပြီး ရောင်းချနေရတာပါ ။ အဘွားအိုရဲ့အဖြစ်ကိုမြင်တော့ မိသားစုဝင်တွေအနေနဲ့ အဘွားအိုကို ဂရုစိုက်သင့်ပြီး ၊ ဈေးမရောင်းခိုင်းသင့်တော့ကြောင်း မျိုးစုံဝေဖန်ခဲ့ကြပါတယ် ။
လူတိုင်းမှာ ကိုယ်စီဘဝနဲ့ အလက်အခဲဆိုတာရှိတာမို့ ကိုယ့်ရဲ့ဘဝက အဆိုးဆုံးဘဲလို့ မတွေးထင်သင့်ပါဘူး ။ ကိုယ့်ထက်အခက်အခဲတွေများစွာ ရင်ဆိုင်နေရတဲ့ သက်ကြီးရွယ်အိုတွေလည်းရှိနေတယ်ဆိုတာကို အမြဲသတိရကြပါ ဆိုပြီး လူအချို့က မှတ်ချက်ပေးရေးသားခဲ့ကြပါတယ် ။
Zawgyi
Leave a Reply