ကံများမကောင်းချင်ရင်ခြင်လေးအကိုက်ခံရတာတောင် ဘယ်လိုအဖြစ်ဆိုးမျိုးနှင့်ကြုံရသလည်းဆိုတာ

မင်္ဂလာဆောင်ဆိုတာကို မိန်းကလေးတိုင်း မက်မောဖူးကြပါတယ်။ တချို့တွေကျတော့လည်း စီစဉ်သူတွေဌားပြီး မင်္ဂလာပွဲကိုပြုလုပ်ကြသလို တချို့ကျတော့လည်း ကိုယ်တိုင်ဘဲ ပြင်ဆင်ကြပါတယ်။ဒါပေမယ့် အခု သတို့သမီးလေးကတော့ ဘာမှတောင်မပြင်ဆင်ရသေးဘဲနဲ့ သူမရဲ့ မင်္ဂလာဆောင်နေ့မှာ မထင်ထားတာတွေဖြစ်လာခဲ့ပါပြီ။Kellyပ အမည်ရှိတဲ့ သတို့သမီးလေးဟာ Costa Rica ကို သူမရဲ့ အပျိုဘဝနောက်ဆုံး ပါတီအနေနဲ့ ကျင်းပဖို့ သူငယ်ချင်းတွေဆီပြန်လာခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းက ခြင်တစ်ကောင်ရဲ့ ကိုက်တာကိုခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဘယ်သူဘဲဖြစ်ဖြစ်ပါ။ ခြင်ကိုက်တာလောက်ကိုတော့ ရေးကြီးခွင်ကျယ်တွေးမနေတော့တာတော့ အမှန်ပါဘဲ။အဲ့ဒါနဲ့ဘဲ ယားနာပျောက်ဆေးလေးလိမ်းပြီးတော့ ပါတီပွဲကိုဆက်လုပ်ခဲ့ပါတယ်။

သူမရဲ့ မင်္ဂလာပွဲအတွက် အိမ်ကိုပြန်လာတဲ့ အခါမှာကျတော့ တကယ်ကို မူမမှန်တာတွေစတင်ဖြစ်လာပါတော့တယ်။ ကယောင်ကတမ်းတွေဖြစ်လာတယ်။ တောက်လျှောက်အော်နေပြီးတော့ သာမာန်မဟုတ်တဲ့ အမူအရာတွေဖြစ်ပေါ်လာပါတော့တယ်။သူမပြောတာကတော့ သူမရဲ့ ဂုတ်မှာ တခုခု လမ်းလျှောက်သွားနေတဲ့ ခံစားချက်မျိုးကို ခံစားနေရတယ်လို့ပြောပါတယ်။ဒါပေမယ့် သူမအမေနဲ့ အပေါင်းအသင်းတွေကတော့ မင်္ဂလာဆောင်ခါနီးမို့လို့ စိတ်ကစဉ့်ကလျားဖြစ်နေတယ်လို့ဘဲထင်နေကြပါသေးတယ်။ဒါပေမယ့် သတို့သမီးလေးမှာတော့ တကယ်ကို အလွဲကြီး လွဲနေပါပြီ။ အဲ့တာနဲ့ ဆရာဝန် Edward Panacek ဆီကို သွားရောက်ပြသဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဆရာဝန်က သူမရဲ့ ဂုတ်ကို သေချာ စတင်ပြီးတော့ စစ်ဆေးပါတော့တယ်။ ပြဿနာရဲ့ အဖြေကိုခန့်မှန်းမိသွားတာနဲ့ ဆရာဝန်ဟာ အပ်တစ်ချောင်းပေးဖို့ လက်ထောက်ကိုတောင်းလိုက်ပါတော့တယ်။သနားစရာကောင်းတဲ့ သတို့သမီးလေးကတော့ စိတ်နဲ့ ကိုယ်နဲ့ မကပ်တော့ပါဘူး။သူမရဲ့ ဂုတ်ကနေ တစုံတခုကိုဆရာဝန်က ဆွဲထုတ်လိုက်တဲ့အခါမှာတော့ အဲ့ဒီအရာဟာ ပိုးကောင်တစ်ကောင်ဖြစ်နေတာကို အလန့်တကြားတွေ့လိုက်ရပါတယ်။

ဒါပေမယ့် ကံဆိုးချင်တော့ အဲ့ဒီတစ်ကောင်ထဲမဟုတ်ဘဲ ဆရာဝန်ကနောက်ထပ်များစွာသော ပိုးကောင်အကြီး ကြီးတွေကိုထပ်မံဆွဲထုတ်နေရပါတယ်။အကြောင်းအရင်းကတော့ Costa Rica မှာ ကိုက်ခဲ့တဲ့ခြင်ဟာ  ပိုးကောင်တွေရဲ့ဥတွေကိုသယ်ဆောင်လာတဲ့ခြင်ဖြစ်ပြီး သူမရဲ့ အရေပြားအောက်မှာ ချထားခဲ့တာဖြစ်ပါတယ်။ တိုက်ဆိုင်လွန်းတာကြောင့်ဘဲ အဲ့ဒီဥတွေဟာ မင်္ဂလာဆောင်မယ့်နေ့ကျမှ အခုလို အကောင်ပေါက်လာခဲ့တာဖြစ်ပါတယ်ဆိုပြီး ဆရာဝန်က ပြောပြခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*