
သာမန်အားဖြင့် ကော်ဖီဆိုတာ အသက်ရှည်ဆေးဖြစ်ပါတယ်။ အသက်သွေးကြောလည်းဖြစ်ပါတယ်။ ကော်ဖီကို တစ်နေ့ ၃ခွက်ကနေ-၅ ခွက် (တစ်နည်းအားဖြင့် ကဖီးပမာဏ ၄၀၀) သောက်ခြင်းဖြင့် သင့်ကျန်းမာရေးကို ထိခိုက်စေမှာတော့ မဟုတ်ပါဘူး။
ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ Parkinson ရောဂါ အန္တရာယ်ကို လျော့ချပေးနိုင်ပါတယ်။ ဒါ့ကြောင့် တခြားကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပြုအမူတွေနဲ့ ယုဉ်တွဲလျက် ကော်ဖီသောက်သုံးမယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှု ပုံစံဖြစ်ပေါ်စေနိုင်ပါတယ်။
နောက်တစ်ချက်က ကော်ဖီမုန့် တစ်မျိုးတည်း သီးသန့်သောက်ရပါမယ်။ ဘာလို့လဲဆိုရင် သကြား၊ နို့မုန့်နဲ့ နွားနို့ထည့်ထားရင် ကယ်လိုရီတွေ ပါဝင်လာနိုင်တာကြောင့် ဖြစ်တယ်။ အထူးသဖြင့် အရက်သေစာတွေ သောက်ထားတဲ့အချိန်ဆိုရင် ကဖီးဓာတ် များများပါတဲ့ ကော်ဖီကို ဦးစားပေး သောက်ပေးသင့်တယ်။ ကော်ဖီကို အငမ်းမရ သောက်တတ်တာ အကျင့်ဆိုးတစ်ခုတော့ မဟုတ်ကြောင်း ကျွမ်းကျင်ပညာရှင်တွေက မှတ်ချက်ပေးထားပါတယ်။
Leave a Reply