
ကောလိပ်ကျောင်း တက်နေသည့် သားဖြစ်သူအား မျက်နှာမငယ်အောင် နေ့ရောညပါ အလုပ်ကြိုးစားဖိလုပ်ခဲ့သည့် ဖခင်တစ်ယောက်ဧ။် စုတ်ပြတ်သတ်ပြီး ကြမ်းထော်နေသော လက်လေး
လောကကြီးရှိ မိဘတိုင်းသည် သူ့တို့မှာ ပညာမတတ်ခဲ့၍ ပင်ပင်ပန်းပန်း အလုပ်ကြမ်းများ လုပ်ကြရသော်လည်း သူတို့ဧ။် သားသမီးလေးတွေကိုတော့ အဆင်မပြေသည့်ကြားက ပညာတတ်ကြီး ဖြစ်အောင် ကျောင်းထားကြသည်။
ယခုအခါတွင်လည်း ဗီယက်နမ်နိုင်ငံမှ ဖခင်တစ်ယောက်သည် သားဖြစ်သူမှာ ကောလိပ်ကျောင်းတက်နေ၍ အများကြား မျက်နှာမငယ်ရပဲ တန်းတူဖြစ်စေရန် ငွေများများ ရအောင် အလုပ်များ ကြိုးစားလုပ်ခဲ့သည်။သားဖြစ်သူမှာတော့ ကိုယ့်အဖေအား အလုပ်လုပ်ရတာ မောလား ပန်းလား မမေးသည့်အပြင် ဖခင်ခက်ခက်ခဲခဲရှာထားသော ငွေများကို ရည်းစားအတွက်သာ သုံးဖြုန်းပစ်ခဲ့သည်။
ဖခင်ဖြစ်သူမှာ နေ့မနား ညမနား အလုပ်လုပ်ခဲ့ပြီး ဝင်ငွေပိုရရန် သင်္ဘောနောက်လိုက်မည် အကြံနှင့် မှတ်ပုံတင်လုပ်ဖို့ ရုံးသို့သွားခဲ့ရာ လုပ်မရခဲ့၍ အချည်းနှီး ဖြစ်ခဲ့သည်။အကြောင်းမှာ ဖခင်ဖြစ်သူဧ။် လက်ဖဝါး နှစ်ဖက်စလုံးသည် အဝါရောင်တန်းနေသည့်အပြင် ကြမ်းထော်ပြီး စုတ်ပြတ်သတ်နေ၍ လက်ဗွေများပင် ပျောက်ကုန်၍ မှတ်ပုံတင် လုပ်မရခဲ့ခြင်းဖြစ်သည်။
ထိုအချိန်မှာမှ သားဖြစ်သူသည် အရင်က ဖခင်ဧ။် လက်လေးအား တစ်ကြိမ်တစ်ခါမှ ကိုင်ကြည့်ခဲ့ခြင်းမရှိပဲ ချစ်မိန်းကလေးကိုပဲ ဂရုစိုက်နေခဲ့သည်ဆိုပြီး နောင်တကြီးစွာ ရနေတော့သည်။
Zawgyi
Leave a Reply