ကောင်းကင်က ပြုတ်ကျလာတဲ့ငါး ထိမှန်ပြီး မျက်နှာမှာ ဒဏ်ရာရသွားခဲ့တဲ့ အမျိုးသမီး

အရင့်အရင်တုန်းတွေက ကောင်းကင်က ငါးတွေပြုတ်ကျလာတယ် ဆိုတဲ့ အင်တာနက်သတင်းတွေနဲ့ ဓါတ်ပုံတွေ များစွာတွေ့ဖူးမှာပါ ၊ အဲ့ဒီတုန်းကလည်း လူတွေကြားမှာ တကယ်လား ဖိုတိုရှော့လား အငြင်းပွားမှုတွေ ရှိခဲ့ဖူးပါတယ်။

အခုလည်း Lisa Lobree ဆိုတဲ့ အမျိုးသမီးက သူမပေါ်ကို ငါးတစ်ကောင် ကောင်းကင်ကနေ ပြုတ်ကျလာပြီး မျက်နှာကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ် ။ သူမပေါ်ကိုပြုတ်ကျလာတဲ့ ငါးကတော့ ငါးခူတစ်ကောင် ဖြစ်ပြီး မျက်နှာမှာလည်း သူမ ဒဏ်ရာရရှိသွားပါတယ်။
ဒီအဖြစ်နဲ့ ပတ်သတ်လို့ သူမက ရုတ်တရက်ကြီး ဖြတ်အရိုက်ခံရသလို ခံစားလိုက်ရပြီး သေချာကြည့်မှ ငါးတစ်ကောင်ဖြစ်နေတာပါတဲ့ ။ သူမရဲ. အိမ်နီးချင်းတွေကလည်း ဒါဟာ ငှက်တွေက ချီလာတဲ့ ငါး ပြုတ်ကျလာတာမျိုး ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။