
ကောင်မလေးနဲ့ ပျက်လို့ငိုနေတဲ့သူငယ်ချင်းကို ဘေးနားမှာနေပြီး သီချင်းတွေသီဆိုခြင်းဖြင့် နှစ်သိမ့်ပေးနေတဲ့ အကောင်းဆုံးသူငယ်ချင်းများ (ရုပ်သံ)
မကြာသေးမီက မလေးရှားနိုင်ငံရှိ လူငယ်အုပ်စုတစ်စုဟာ ရည်းစားနဲ့ ပျက်ပြီး အသည်းကွဲကာ ငိုကြွေးနေတဲ့ သူငယ်ချင်းတစ်ယောက်ကို ဘေးနားမှာနေပြီး သီချင်းသီဆိုကာ နှစ်သိမ့်ပေးခဲ့ကြပါတယ်။ အင်တာနက်သုံးသူများစွာက ကောင်လေးဟာ သူ့ကောင်မလေးနဲ့ လမ်းခွဲသွားတဲ့အတွက် သူအလွန်ဝမ်းနည်းနေတဲ့ အချိန်မှာ ထိုကောင်လေးက သူ့အတွက် မိတ်ဆွေကောင်းတွေရှိပေးနေလို့ အလွန်ကံကောင်းတယ်ဆိုပြီး ပြောနေကြပါတယ်။
Twitter မှာ @IkhwanAzmal အသုံးပြုသူမှ မျှဝေထားတဲ့ဗွီဒီယိုတစ်ခုမှာ ကောင်လေးတစ်ဦးဟာ သူ့ရဲ့အနက်ရောင်တီရှပ်နဲ့ မျက်နှာကိုအုပ်ထားကာငိုနေတာကို တွေ့ရပါတယ်။ သူဟာ ကြာသေးမီက သူ့ကောင်မလေးနဲ့ ပျက်သွားပြီး ငိုနေခဲ့တာဖြစ်ပါတယ်။ ထိုဗီဒီယိုကို အင်တာနက်အသုံးပြုသူများစွာက ယောက်ျားလေးတစ်ယောက်ဟာ အမှန်တကယ်ချစ်မြတ်နိုးတာမဟုတ်ဘူးဆိုရင် များသောအားဖြင့် မျက်ရည်မကျကြောင်းကို ပြောဆိုခဲ့ပါတယ်။
နောက်ပြီး ကောင်လေးရဲ့သူငယ်ချင်းတွေကလည်း သူ့အနားကပ်ပြီး “ Pulang” လို့ခေါ်တဲ့ Insomniac မှ လူကြိုက်များတဲ့ သီချင်းနဲ့အတူ နှစ်သိမ့်ဖို့ ကြိုးစားနေခဲ့ကြပါတယ်။ ပြိုကွဲတယ် ဆိုတာက အိမ်ထောင်ရေးကို ဖျက်သိမ်းခြင်း သို့မဟုတ် အချစ်ဇာတ်လမ်း စုံတွဲတွေအကြား ဆက်ဆံရေးကို အဆုံးသတ်ခြင်း ဖြစ်ပါတယ်။
Zawgyi
Air mata perempuan memang senang jatuh,tapi air mata laki kalau sekali dah jatuh tu betul betul dia sayangkan kau.. jadi tolong lah hargai dia.. 🙁 pic.twitter.com/9F8dEQyDxY
— Ikhwan (@1khwanazmall) December 14, 2019
Leave a Reply