ကိုယ်သဘောကျသော မိန်းကလေးအား ပန်းစည်း အရုပ်လေးနှင့်အတူ ချစ်ရေးဆိုခဲ့ရာ အဝတ်အစားကြောင့် အငြင်းခံလိုက်ရသော ကောင်လေး

ကိုယ်သဘောကျသော မိန်းကလေးအား ပန်းစည်း အရုပ်လေးနှင့်အတူ ချစ်ရေးဆိုခဲ့ရာ အဝတ်အစားကြောင့် အငြင်းခံလိုက်ရသော ကောင်လေး

လောကကြီးတွင် ဆင်းရဲခြင်းက အပြစ်တစ်ခုမဟုတ်သော်လည်း တစ်ခုခုနှင့် ယှဉ်လာသည့်အခါ ဆင်းရဲတာက အားနည်းချက်ကြီး တစ်ခုဖြစ်နေပါလိမ့်မည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ ဆိုင်ကယ် ကယ်ရီသမားကောင်လေးတစ်ဦးသည် သူချစ်နေသော မိန်းကလေးဧ။် အဆောင်ရှေ့တွင် အချိန်ကြာမြင့်စွာ သွားရောက်၍ ပန်းစည်းနှင့်အတူ ဝက်ဝံရုပ်လေးကိုင်ကာ စောင့်နေခဲ့သည်။ကံကောင်းစွာဖြင့် မိန်းကလေးမှ ထွက်လာခဲ့ရာ သူဧ။် ချစ်သူကောင်မလေး ဖြစ်ပေးနိုင်မလား ဆိုပြီး လက်ဆောင်လေးပေးရင်း ထုံးစံတိုင်း ချစ်ရေးဆိုခဲ့သည်။

ကောင်လေးမှာ ရင်ခုန်ခုန်နှင့် မျှော်လင့်ချက်ကြီးစွာ အဖြေကို စောင့်နေခဲ့သော်လည်း ဝတ်လာသော အဝတ်အစားကို ကြည့်ပြီး ဆိုင်ကယ်ကယ်ရီသမားဖြစ်နေသည့် အချက်ကြောင့် ပြန်မချစ်နိုင်ကြောင်းနှင့် အခြားတစ်ယောက်တွေ့အူးမှာပါဆိုပြီး ကောင်းမွန်စွာ ပြောဆိုခဲ့ရာ လှည့်ထွက်သွား၍ ချစ်ရသူဆီကနေ မချည့်မဆန့် အငြင်းခံလိုက်ရသည်။

ထိုမြင်ကွင်းအား မြင်တွေ့သူအချို့မှ လိုင်းပေါ်တင်ခဲ့ရာ မိမိအား လာကြိုက်သော သူများကို အခြားမိန်းကလေးများတွေလို ဒေါသတကြီး ငြင်းဆန်တာမျိုးမဟုတ်ပဲ ကောင်းကောင်းမွန်မွန်ပြောဆိုခဲ့သောကြောင့် ချီးမွမ်းခဲ့သည်။

Zawgyi






Be the first to comment

Leave a Reply

Your email address will not be published.


*