ကိုယ်ဝန်သည်သမီးဖြစ်သူရဲ့ခင်ပွန်းနဲ့အတူ ခိုးရာလိုက်ပြေးသွားခဲ့တဲ့ မိခင်တစ်ဦး

ကိုယ်ဝန်သည်သမီးဖြစ်သူရဲ့ခင်ပွန်းနဲ့အတူ ခိုးရာလိုက်ပြေးသွားခဲ့တဲ့ မိခင်တစ်ဦး

အခုဖြစ်ရပ်ဟာ ရယ်စရာကောင်းလောက်အောင် မယုံနိုင်စရာကောင်းပေမဲ့ တကယ့်ကို ဖြစ်ပျက်ခဲ့ပါတယ်။UK ရှိ အဖွားတစ်ဦးဟာ သူမသမီးဖြစ်သူရဲ့ဒုတိယကလေးမီးမဖွားခင် တစ်ရက်အလိုမှာ ၎င်းကိုယ်ဝန်သည်သမီးရဲ့ယောကျာ်းနှင့်အတူ ခိုးပြေးသွားခဲ့ပါတယ်။အသက် ၂၄နှစ်အရွယ် ကိုယ်ဝန်သည်မိခင် Jess Aldridge ဟာ သူမရဲ့မိခင်ဖြစ်သူ အသက် ၄၄နှစ်အရွယ်ရှိပြီဖြစ်တဲ့ Georgina Aldridge က သူမရဲ့လက်တွဲဖော်ကို ခိုးယူပြီးနောက်မှာ အလွန်အမင်း အံ့အားသင့်သွားခဲ့ရပါတယ်။

နောက်ပိုင်း Jess ဟာ ၎င်းလုပ်ရပ်ကို အဆုံးစွန်သစ္စာဖောက်ခြင်း ဟူဆိုခဲ့ပြီး ၎င်းဟာ သူမကို များစွာထိခိုက်စေရုံသာမက သူမရဲ့ဖခင်ဖြစ်သူကိုလည်း ထိခိုက်စေကြောင်း ဆိုခဲ့ပါတယ်။ Jess ရဲ့အဆိုအရ သူမနှင့် ခင်ပွန်းဖြစ်တဲ့ အသက် ၂၆နှစ်အရွယ် Ryan Shelton တို့ဟာ သူမမှာကိုယ်ဝန်ရှိနေပြီးကို သိရပြီးနောက် lockdown မချခင် သူမရဲ့မိဘအိမ်သို့ ပြောင်းရွေ့ခဲ့ကြပါတယ်။

သိပ်မကြာခင်မှာဘဲ Jess ဟာ သူမချစ်ရသူနဲ့ မိခင်ဖြစ်သူတို့ဟာ ထူးဆန်းစွာ နီးကပ်လာနေကြတာကို သတိပြုမိသွားခဲ့ပါတယ်။သူမရဲ့မိခင်က ခင်ပွန်းသည်နှင့်အနေနီးပြီး အထိအတွေ့များလာတာကြောင့် သူမစိတ်မသက်မသာဖြစ်ခဲ့ရကြောင်း Jess က ပြောပြခဲ့ပါတယ်။ဇန်နဝါရီလ ၂၈ ရက်နေ့မှာတော့ Jess ဟာ Reuben လေးကို Gloucestershire တော်ဝင်ဆေးရုံမှာ မွေးဖွားခဲ့ပါတယ်။

ထို့နောက် ခင်ပွန်း Ryan ဟာ သူမနဲ့ခွဲထွက်ပြီး သူမရဲ့မိခင် Georgina နဲ့အတူ ဝေးရာသို့ ထွက်သွားပြီဖြစ်ကြောင်း သူမထံ မက်ဆေ့ချ်ပို့လိုက်ပါတယ်။Jess က “ ဒါဟာ မိခင်တစ်ယောက်ရဲ့ဆိုးရွားလွန်းတဲ့အပြုအမူဖြစ်တယ် ၊ ဒီအရာအားလုံးက ကျွန်မအဖေအပေါ် အကြီးအကျယ် အကျိုးသက်ရောက်စေခဲ့တယ်။

Ryan က ကျွန်မအပေါ် အနည်းဆုံး သုံးကြိမ်လောက် သစ္စာဖောက်ခဲ့တယ် ၊ သူတို့က သူတို့ရဲ့ဆက်ဆံရေးကို ခိုင်မာနေမယ်လို့ ထင်နေကြပုံဘဲ ” လို့ ဆိုခဲ့ပါတယ်။မိခင် Georgina ဟာ ငါတို့က ဘယ်သူ့ကိုဘဲ ချစ်ချစ် တားဆီးလို့မရကြောင်း ဒီလိုဘဲ ဖြစ်ပျက်ခဲ့တာတွေလည်း ဖြစ်ပျက်ခဲ့ပြီးပြီဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ထို့နောက် Ryan က “ ငါ Georgina နဲ့ ချစ်ကြိုက်နေတာကို ဘယ်သူဘာပြောပြော ငါဂရုမစိုက်ဘူး ၊ အခြားသူတွေရဲ့ထင်မြင်ချက်ကို ငါ ဂရုမစိုက်သလို ဖြစ်ပျက်ခဲ့တဲ့အကြောင်းကို ငါသိတယ် ၊ ဇာတ်လမ်းဆိုတာ နှစ်ဖက်ရှိတယ်၊ ဒီနောက်ကွယ်က အမှန်တရားကိုလည်း သိနေတယ် ၊ ဘယ်သူမှ အခုကိစ္စကို မကြိုက်ကြပါဘူး ၊ ဒါပေမဲ့ ဒါကလည်း သူတို့ကိစ္စမဟုတ်ဘူး” လို့ ခုခံကာကွယ်ပြောဆိုခဲ့ပါသေးတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*