ကိုယ်ဝန်သည်ဇနီး၆ယောက်နဲ့အတူ မင်္ဂဆောင်ပွဲတစ်ခုကို ဧည့်သည်အဖြစ် တက်ရောက်ခဲ့တဲ့အမျိုးသား (ရုပ်သံ)

မကြာသေးခင်က အမျိုးသားတစ်ဦးဟာ သူ့ကလေးတွေချည်းလွယ်ထားရတဲ့ကိုယ်ဝန်သည်ဇနီး ၆ယောက်စလုံးကိုပါ ခေါ်ပြီး မင်္ဂလာဆောင်ပွဲတစ်ခုကို တက်ရောက်ခဲ့တာကြောင့် social media မှာ ပွလောရိုက်သွားခဲ့ပါတယ်။အခုအဖြစ်အပျက်ဟာ အနောက်အာဖရိက၊Nigerian နိုင်ငံမှာ ဖြစ်ပျက်ခဲ့တာပါ။

Instagram မှာ နာမည်ကြီးပြီး Nigerian နိုင်ငံ Lagosမြို့ရဲ့ nightclubအကြီးစားတစ်ခုရဲ့ပိုင်ရှင်ဖြစ်တဲ့ Pretty Mikeအမည်ရှိအဆိုပါအမျိုးသားဟာ မင်္ဂဆောင်ပွဲမှာ သူ့ဇနီးတွေကို တန်းစီခိုင်းပြီး တစ်ယောက်ချင်းစီပါမိတ်ဆက်ပေးခဲ့ပါသေးတယ်။

Mikeက သူ့ဇနီး၆ယောက်နဲ့သူ့ရဲ့ဓာတ်ပုံကို Instagram မှာတင်ပြီး လှည့်စားခံရတာမဟုတ်ဘဲ သူတို့ရဲ့အကောင်းဆုံးဘဝမှာသာ နေထိုင်နေတာပါလို့လည်း ဆိုထားပါတယ်။ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက Mikeဟာ မင်္ဂလာဝတ်စုံဝတ်ထားတဲ့ သတို့သမီး ၅ယောက်နဲ့ပုံတွဲတင်ခဲ့ပြီး သူ့ရဲ့ရည်းစားဟောင်း ၂ယောက်နဲ့ လက်ရှိရည်းစား ၃ယောက်ကို တစ်ခါတည်းအကုန်လက်ထပ်ဖို့က သူ့ရဲ့အိမ်မက်ပါလို့ဆိုထားပါသေးတယ်။

ဒါပေမဲ့ ၂၀၁၇ခုနှစ်တုန်းက Mikeဟာ ကောင်မလေးတွေကို ခွေးလို ချိန်းကြိုးတွေနဲ့ချည်ပြီး မင်္ဂဆောင်ပွဲတစ်ခုတက်ခဲ့တာကြောင့် အရေးယူခံခဲ့ရပါသေးတယ်။လက်ရှိမှာတော့ အင်တာနက်အသုံးပြုသူတွေက Mikeဟာ ရှုးသွပ်နေပြီး တမင်လူတွေရဲ့အာရုံစိုက်မှုကို လိုချင်လို့သာ အခုလိုလုပ်တာဖြစ်ကြောင်း ဝေဖန်ထားကြပါတယ်။Mike ဟာ သရုပ်ဆောင်နဲ့လူရွှင်တော် Williams Uchembaရဲ့မင်္ဂလာဆောင်ပွဲကိုလည်း တက်ရောက်ဖူးပါသေးတယ်။Mikeက သူ့ဇနီးတွေကို ချစ်လို့ဘဲ အခုလိုထုတ်ကြွားတာလား ဒါမှမဟုတ် တမင်ဘဲ အာရုံစိုက်ခံချင်လို့လုပ်တာလားဆိုတာကိုတော့ ကျွန်တော်လည်း မပြောပြတတ်တော့ပါဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*