ကိုယ်လက်မလှုပ်ရှားနိုင်တော့တဲ့မိခင်ကို နေ့စဉ် စာသင်ကျောင်းသို့ အတူခေါ်ဆောင်သွားပြီး အမြဲစောင့်ရှောက်ပေးနေခဲ့တဲ့ သားငယ်လေး (ရုပ်သံ)

သားသမီးတွေကို အနှိုင်းမဲ့ပေးဆပ်ပြီး ချစ်ကြတဲ့မိခင်တွေရဲ့ ဘဝအကြောင်းကို မကြာခဏကြားဖူး ၊ မြင်ဖူးကြမှာပါ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ ဖိလစ်ပိုင်နိုင်ငံမှာနေထိုင်တဲ့ ကောင်လေးကတော့ သူ့ရဲ့မိခင်ကို အနှိုင်းမဲ့ တန်ဖိုးထားပြီးချစ်နေခြင်းက လူတိုင်းရဲ့ နှလုံးသားကို အရည်ပျော်သွားစေလောက်တဲ့အထိပါပဲ ။ Jhon Mark Nasih အမည်ရှိတဲ့ အသက် 12 အရွယ်ကောင်လေးဟာ 5 တန်းကျောင်းသားလေးတစ်ယောက်ဆိုပေမဲ့လည်း သူ့ရဲ့မိခင် ဝေယျာဝစ္စတွေ အကုန်လုပ်ပေးနိုင်နေပါပြီ ။ Alma အမည်ရှိတဲ့ မိခင်ဖြစ်သူမှာတော့ အသက် 17 နှစ်အရွယ်မှာ Cerebral Palsy ဆိုတဲ့ ဦးနှောက်ချို့ယွင်းသွားခဲ့လို့ ကိုယ်လက်အင်္ဂါကောင်းမွန်စွာ မလှုပ်ရှားနိုင်တော့တဲ့ရောဂါကို ခံစားခဲ့ရတာပါ ။ ခင်ပွန်းဖြစ်သူကလည်း အဖျားရောဂါနဲ့ ငယ်ငယ်ရွယ်ရွယ်သေဆုံးသွားခဲ့တာပါ ။

ဒါကြောင့် နေအိမ်မှာ မှီခိုအားထားစရာ ဘယ်သူမှမရှိလို့ သားငယ်လေးက မိခင်ကို နေ့စဉ်ကျောင်းသို့ အတူခေါ်ဆောင်သွားနေရတာပါ ။ နေ့စဉ် မိခင်အတွက် မနက်စာချက်ပြုတ်ပေးပြီး ၊ ရေချိုးပေးလေ့ရှိပါတယ် ။ မိခင်ဖြစ်သူကိုဝီးရှဲပေါ်တင်ပြီး မိနစ် 30 ခန့် လမ်းလျှောက်ကာ အတူကျောင်းခေါ်သွားလေ့ရှိပြီး ၊ မိခင်ဖြစ်သူ မိုးရေမစိုအောင် ထီးတစ်ချောင်းအမြဲ ယူသွားလေ့လည်းရှိပါတယ် ။ ကျောင်းရောက်ရင်တော့ မိခင်ဖြစ်သူဟာ ကန်တင်းမှာ သားဖြစ်သူကို ညနေ 5 နာရီအထိ စောင့်နေခဲ့ရတာပါ ။ အဆိုပါအချိန်မှာတော့ မိခင်နဲ့ခင်မင်ရင်နှီးသွားတဲ့ ဆရာမက စားစရာအမြဲလာပေးပြီး ၊ ကြည့်ရှုစောင့်ရှောက်ကူလေ့ရှိပါတယ် ။

မိခင်ဖြစ်သူကတော့ တစ်သက်လုံးသားဖြစ်သူအနားမှာ မရှိနိုင်လို့ ၊ သားဖြစ်သူကို ကောလိပ်ပြီးဆုံးတဲ့အထိ ပညာသင်ကြားစေချင်ကြောင်း ပြောပြခဲ့ပါတယ် ။ သားဖြစ်သူကလည်း မိခင်ဖြစ်သူကို ကုသပေးချင်လို့ သူ့ရဲ့ရည်မှန်းချက်က ဆရာဝန်တစ်ယောက်ဖြစ်လာဖို့ဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။ သူတို့သားအမိ video ကို ကြည့်လိုက်မယ်ဆိုရင်တော့ ရင်ထဲအတော်လေးခံစားမိသွားမှာမို့ စာဖတ်သူတို့အတွက် ဝေမျှပေးလိုက်ပါတယ်နော် ။

Zawgyi

သားသမီးေတြကို အႏႈိင္းမဲ့ေပးဆပ္ၿပီး ခ်စ္ၾကတဲ့မိခင္ေတြရဲ႕ ဘဝအေၾကာင္းကို မၾကာခဏၾကားဖူး ၊ ျမင္ဖူးၾကမွာပါ ။ သို႔ေပမဲ့လည္း ဒီတစ္ေခါက္ေဖာ္ျပမဲ့ ဖိလစ္ပိုင္ႏိုင္ငံမွာေနထိုင္တဲ့ ေကာင္ေလးကေတာ့ သူ႔ရဲ႕မိခင္ကို အႏႈိင္းမဲ့ တန္ဖိုးထားၿပီးခ်စ္ေနျခင္းက လူတိုင္းရဲ႕ ႏွလုံးသားကို အရည္ေပ်ာ္သြားေစေလာက္တဲ့အထိပါပဲ ။ Jhon Mark Nasih အမည္ရွိတဲ့ အသက္ 12 အ႐ြယ္ေကာင္ေလးဟာ 5 တန္းေက်ာင္းသားေလးတစ္ေယာက္ဆိုေပမဲ့လည္း သူ႔ရဲ႕မိခင္ ေဝယ်ာဝစၥေတြ အကုန္လုပ္ေပးႏိုင္ေနပါၿပီ ။ Alma အမည္ရွိတဲ့ မိခင္ျဖစ္သူမွာေတာ့ အသက္ 17 ႏွစ္အ႐ြယ္မွာ Cerebral Palsy ဆိုတဲ့ ဦးေႏွာက္ခ်ိဳ႕ယြင္းသြားခဲ့လို႔ ကိုယ္လက္အဂၤါေကာင္းမြန္စြာ မလႈပ္ရွားႏိုင္ေတာ့တဲ့ေရာဂါကို ခံစားခဲ့ရတာပါ ။ ခင္ပြန္းျဖစ္သူကလည္း အဖ်ားေရာဂါနဲ႔ ငယ္ငယ္႐ြယ္႐ြယ္ေသဆုံးသြားခဲ့တာပါ ။

ဒါေၾကာင့္ ေနအိမ္မွာ မွီခိုအားထားစရာ ဘယ္သူမွမရွိလို႔ သားငယ္ေလးက မိခင္ကို ေန႔စဥ္ေက်ာင္းသို႔ အတူေခၚေဆာင္သြားေနရတာပါ ။ ေန႔စဥ္ မိခင္အတြက္ မနက္စာခ်က္ျပဳတ္ေပးၿပီး ၊ ေရခ်ိဳးေပးေလ့ရွိပါတယ္ ။ မိခင္ျဖစ္သူကိုဝီးရွဲေပၚတင္ၿပီး မိနစ္ 30 ခန႔္ လမ္းေလွ်ာက္ကာ အတူေက်ာင္းေခၚသြားေလ့ရွိၿပီး ၊ မိခင္ျဖစ္သူ မိုးေရမစိုေအာင္ ထီးတစ္ေခ်ာင္းအၿမဲ ယူသြားေလ့လည္းရွိပါတယ္ ။ ေက်ာင္းေရာက္ရင္ေတာ့ မိခင္ျဖစ္သူဟာ ကန္တင္းမွာ သားျဖစ္သူကို ညေန 5 နာရီအထိ ေစာင့္ေနခဲ့ရတာပါ ။ အဆိုပါအခ်ိန္မွာေတာ့ မိခင္နဲ႔ခင္မင္ရင္ႏွီးသြားတဲ့ ဆရာမက စားစရာအၿမဲလာေပးၿပီး ၊ ၾကည့္ရႈေစာင့္ေရွာက္ကူေလ့ရွိပါတယ္ ။

မိခင္ျဖစ္သူကေတာ့ တစ္သက္လုံးသားျဖစ္သူအနားမွာ မရွိႏိုင္လို႔ ၊ သားျဖစ္သူကို ေကာလိပ္ၿပီးဆုံးတဲ့အထိ ပညာသင္ၾကားေစခ်င္ေၾကာင္း ေျပာျပခဲ့ပါတယ္ ။ သားျဖစ္သူကလည္း မိခင္ျဖစ္သူကို ကုသေပးခ်င္လို႔ သူ႔ရဲ႕ရည္မွန္းခ်က္က ဆရာဝန္တစ္ေယာက္ျဖစ္လာဖို႔ျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္ ။ သူတို႔သားအမိ video ကို ၾကည့္လိုက္မယ္ဆိုရင္ေတာ့ ရင္ထဲအေတာ္ေလးခံစားမိသြားမွာမို႔ စာဖတ္သူတို႔အတြက္ ေဝမွ်ေပးလိုက္ပါတယ္ေနာ္ ။

Be the first to comment

Leave a Reply

Your email address will not be published.


*