
ကိုယ်ပိုင်အိမ်ကလေးကို ရောင်းချပြီး ဖခင်ဖြစ်သူကို နိုင်ငံအနှံလိုက်ပို့ပေးကာ ဖခင်၏ သူငယ်ချင်းများနှင့် ပြန်လည်ဆုံဆည်းပေးခဲ့သည့် သားလိမ္မာလေး
တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကောင်လေးတစ်ဦး၏ လုပ်ရက်တစ်ခုသည် လူသားများအားလုံး၏ လေးစားချီးကျူးမှုကို အထူးခံခဲ့ရပါတယ်။ကောင်လေးဟာ အသက်၆၀အရွယ်ရှိနေပြီဖြစ်သည့် ဖခင်ကို နိုင်ငံအနှံလည်ပတ်နိုင်စေရန်အတွက် သူကိုယ်ပိုင်ဝယ်ယူထားသော တိုက်ခန်းလေးကို ရောင်းချခဲ့ပါတယ်။
ထို့နောက်တွင် စုဆောင်းထားသော ငွေအချို့နှင့် တိုက်ခန်းရောင်းရငွေလေးဖြင့် ဖခင်ကို ၂လတိတိကြာအောင် ကားတစ်စီးဖြင့် ကိုယ်တိုင်မောင်းကာ နိုင်ငံအနှံ နေရာစုံကို လိုက်ပို့ပေးခဲ့ပါတယ်။ထို့အပြင် နေရာ ဒေသအသီးသီးတွင်ရှိသော ဖခင်၏ သူငယ်ချင်းများထံသို့လည်း လိုက်ပို့ပေးခဲ့ပါသေးတယ်။
ကောင်လေးဟာ ဖခင်၏ သူငယ်ချင်းများနှင့် ပြန်လည်ဆုံဆည်းခွင့်ရသောကြောင့် ပျော်နေသည့်အပြုံးလေးကို ကြည်နူးမိတယ်ဟုလည်းဆိုခဲ့ပါတယ်။
Leave a Reply