
ရေမွှေး၊ ပေါင်ဒါတို့လို မွှေးရနံ့မျိုး စုံနဲ့ ဘယ်လိုပဲဖုံးထားဖုံးထား ဆိုး ရွားတဲ့ ကိုယ်နံ့ဆိုး တွေကိုတော့ ဘယ်အရာကမှ မတားဆီးနိုင်ပါ ဘူး။ ဒီလိုမဖြစ်ဖို့ဆိုရင် တစ်ကိုယ် ရေသန့်ရှင်းရေးက အရေးကြီးသ လို နေထိုင်၊ စားသောက်၊ ဝတ် ဆင်ရာမှာလည်း ရှောင်ရှားသင့် တာတွေရှိတာမို့ ဖော်ပြပေးလိုက် ပါတယ်။
– ကိုယ်နံ့ဆိုးဆိုးတွေ ထွက်စေတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီစားတာ တွေကို တတ်နိုင်သလောက်ရှောင် ပါ။
– ဆာလဖာပါဝင်မှုများတဲ့ အစား အစာတွေကို ရှောင်ပါ။
– အနီရောင်အသား၊ အယ်လ်ကို ဟော၊ အရသာအတုထည့်ထား တဲ့ အစားအစာတွေနဲ့ အလွယ်စာ တွေမှာပါတဲ့ အဆိပ်အတောက် တွေဟာ ချွေးကနေတစ်ဆင့် ထွက်လာပြီး အနံ့ဆိုးထွက်စေတာ ကြောင့် ရှောင်ဖို့လိုပါတယ်။
– အဝတ်အစားတွေကို တစ်ကြိမ် ဝတ်ဆင်ပြီးတိုင်း လျှော်ဖို့လိုပါ တယ်။
– အရမ်းကျပ်တဲ့ ဖိနပ်တွေစီးတာ မျိုးရှောင်ရမယ့်အပြင် အချိန်အ ကြာကြီး ဖိနပ်စီးထားတာမျိုးလည်း ရှောင်ဖို့လိုပါတယ်။
– ကိုယ့်ကိုယ်ကိုယ် တတ်နိုင်သ လောက် ခြောက်သွေ့သန့်ရှင်း အောင်နေပါ။
– အနည်းဆုံးတစ်နေ့တစ်ကြိမ် ရေချိုးပါ။
– ချွေးတွေနဲ့ စိုစိုထိုင်းထိုင်းကြီးဖြစ် မနေအောင် ချည်ထည်အဝတ်အ စားတွေသာ ရွေးချယ်ဝတ်ဆင်ပါ။
– ခန္ဓာကိုယ်ထဲက အဆိပ်အ တောက်တွေကို ဖယ်ရှားနိုင်ဖို့အ တွက် လုံလောက်တဲ့ရေပမာဏနေ့ စဉ်သောက်သုံးပါ။
– ခန္ဓာကိုယ်ထဲက အဆိပ်အ တောက်တွေ ဖယ်ရှားဖို့နဲ့ ကိုယ်နံ့ ဆိုးထိန်းနိုင်ဖို့အတွက် လတ်ဆတ် တဲ့သစ်သီးတွေ၊ ဟင်းသီးဟင်း ရွက်တွေ စားပေးဖို့ လိုပါတယ်။
Leave a Reply