
ကိုယ်တိုင်မှာ သမီး၂ယောက်နှင့် မြေး၄ဦးတို့ကို ထီရောင်းပြီး ရှာကျွေးနေရသော်လည်း အလှူငွေပေးသည်ကို လက်မခံဘဲ သူ့ထက် အဆင်မပြေသူများအား ပေးလိုက်ရန် တောင်းဆိုသည့်အဖိုး
အချို့လူသားမျာ၏ဘဝသည် အသက်ကြီးရင့်နေပြီဖြစ်သော်လည်း ဘဝကိုပင်ပန်းစွာရုန်းကန်လှုပ်ရှားနေကြရဆဲဖြစ်ပါတယ်။စိတ်ထားမြင့်မြတ်သူတို့ကို ငွေကြေးနှင့်တိုင်းတာ၍မရနိုင်ဘဲ အပြုအမူများဖြင့်သာ မြင်တွေ့နိုင်ရမည်ဖြစ်ပါတယ်။
ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ မစ္စာအက်စ်ဆီဆိုသည့် အဖိုးအိုတစ်ဦးသည် အသက်၇၅နှစ်အရွယ်ရှိပြီဖြစ်ကာ နာမကျန်းဖြစ်နေသော ဇနီးနှင့် သမီးမြေးလေးတွေကို ရှာဖွေကျွေးမွေးနေခဲ့ရတာဖြစ်ပါတယ်။
သူဟာထီများကို စက်ဘီးလေးဖြင့် ရောင်းချနေကြသောကြောင့် လူငယ်များက ကူညီနိုင်ရန် အလှူငွေများပေးအပ်ခဲ့တာဖြစ်ပါတယ်။အဖိုးဟာ စကားမပြောနိုင်သူ ဖြစ်သည့်အတွက် စာရွက်ကလေးဖြင့် ရေးသားကာ လူငယ်များအား အလှူငွေကို လက်မခံနိုင်ကြောင်းနှင့် မိမိထက် စားဝတ်နေရေးခက်ခဲသူများကို ကူညီပေးရန်သာ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
Zawgyi
ကိုယ်တိုင်မှာ သမီး၂ယောက်နှင့် မြေး၎ဦးတို့ကို ထီရောင်းပြီး ရှာကျွေးနေရသော်လည်း အလှူငွေပေးသည်ကို လက်မခံဘဲ သူ့ထက် အဆင်မပြေသူများအား ပေးလိုက်ရန် တောင်းဆိုသည့်အဖိုး
Leave a Reply