ကိုယ်တိုင်မှာ ဆင်းရဲချို့တဲ့လှသော်လည်း လုပ်ရပ်လေးတစ်ခုကြောင့် ရဲတွေကတောင် ပြန်အလေးပြုခဲ့ရတဲ့ လေးစားစဖွယ် ကလေးငယ်

ကိုယ်တိုင်မှာ ဆင်းရဲချို့တဲ့လှသော်လည်း လမ်းမှာကောက်တွေ့ခဲ့သော ယွမ်ငွေ၂၆၀၀၀၀ကျော်ကို ပိုင်ရှင်ထံပြန်ပေးရန် ပြန်လာအရှာကို လမ်းပေါ်တွင် ထိုင်စောင့်နေခဲ့သည့်ကလေးငယ်

ငွေကြေးဆိုသည်မှာ လူ့ဘဝတစ်ခု၏ ဒုတိယဘုရားသခင်ဟုပင် ဆိုရလောက်သည်အထိ အရေးပါအရာရောက်သော ဒြပ်မဲ့တစ်ခုဖြစ်ပေသည်။လူတိုင်းသည် ငွေကြေးကိုမက်မောကြပြီး ငွေကြေးရရှိရန်အတွက်လည်း ဘဝတစ်ခုလုံးကို အလုပ်များလုပ်ကိုင်ကာ ကြိုးစားနေခဲ့ကြရပေသည်။

 

သို့သော် ဘဝ၏အရေးပါလှသောငွေကြေးကို လမ်းမပေါ်တွင် ကောက်တွေ့ခဲ့သော်လည်း ကောင်းလေးငယ်တစ်ဦးသည် ငွေကြေးများကို မယူဆောင်ပဲ ပိုင်ရှင်ထံ ပြန်ပေးခဲ့သောကြောင့် နိုင်ငံတော်၏ ဆုတံဆိပ်ချီးမြင့်ခြင်းကို ခံခဲ့ရသည်။

 

ကလေးငယ်ဟာ ကျောင်းမှအပြန်တွင် လမ်းပေါ်၌ အထုပ်တစ်ခုကို တွေ့ရှိရာ ဖွင့်ကြည့်မိပြီး ပိုက်ဆံများဖြစ်နေကြောင်းတွေ့ရှိခဲ့သည်။ထိုအခါ ပိုင်ရှင်ပြန်လာရှာမည်ဟု မျှော်လင့်ပြီး ကောင်လေးဟာ လမ်းမပေါ်တွင် ထိုင်စောင့်နေခဲ့ပါတယ်။

သို့သော်လည်း ပိုင်ရှင်ဟာ ပြန်လည်မရောက်လာသဖြင့် ရဲစခန်းကို အကြောင်းကြားခဲ့ပြီး ပိုင်ရှင်အမျိုးသမီးထံသို့ ပိုက်ဆံများကို ပြန်လည်ပေးအပ်နိုင်ခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*