ကိုယ့်ရဲ့ပုံစံကို ကိုယ်တိုင်ပန်းချီရေးဆွဲပြနိုင်တဲ့ ဉာဏ်ကောင်းပြီးလိမ္မာပါးနပ်လွန်းတဲ့ ဆင်မလေး(ရုပ်သံ)
ကိုယ့်ရဲ့ပုံစံကို ကိုယ်တိုင်ပန်းချီရေးဆွဲပြနိုင်တဲ့ ဉာဏ်ကောင်းပြီးလိမ္မာပါးနပ်လွန်းတဲ့ ဆင်မလေး(ရုပ်သံ)
ကျွန်တော်တို့သိထားတာက ဆင်တွေဟာ အလွန် ဉာဏ်ရည်ထက်မြတ်တဲ့ ဆင်တစ်ကောင်လို့သိထားတာပါ။ ဒါပေမဲ့ သူတို့တွေက ပုံဆွဲစုတ်တံကိုပါကောက်ကိုင်နိုင်ရုံ သာမက တကယ့်စစ်မှန်တဲ့ ရုပ်ပုံတွေကိုပါ ရေးဆွဲနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ လုံးဝထင်မထားပါဘူး။ ကောင်ပြီး ထိုင်းနိုင်ငံက Suda အမည်ရှိ ဆင်မလေးတစ်ကောင်ဟာဆိုရင် သင့်ရဲ့ စိတ်တွေကို သေချာပြောင်းလဲစစ်မှာအမှန်ပါ။
Suda ဟာ သူမရဲ့ အနုပညာစွမ်းရည်ကြောင့် ကျော်ကြားလာခဲ့ပါတယ်။ လေးလေးနက်နက် ပြောရမယ်ဆိုရင် သူမရဲ့ နှာမောင်းကိုအသုံးပြုကာ စုတ်တံကို ကောက်ကိုင်ပြီး သူမရဲ့ပုံသဏ္ဏာန်ကို ရေးဆွဲခဲ့တာပါ။ ဒါကြောင့်လည်း ကမ္ဘာပေါ်မှာ ဆင်တွေလည်း ရုပ်ပုံတွေကို တကယ့်အမှန် ရေးဆွဲတတ်တယ်ဆိုတာ သင်ယုံကြည်ပြီထင်ပါတယ်။
ဆင်တွေက သူတို့ရဲ့ နှမောင်းနဲ့ စုံတံကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ကွေးဆန်နိုင်တာက အံ့သြစရာပါဘဲ။ ဒါပေမဲ့ သူတို့ရဲ့ ပင်ကိုယ်အမှုအကျင့်နဲ့တော့ တစ်ယောက်တည်း မရေးဆွဲတက်ပါဘူး။ Suda လို ဆင်မျိုးပါဘဲ ။ ဆင်ထိန်းသိမ်းစောင်ရှောက်သူ Snopes ရဲ့အဆိုအရ “ဆင်တွေက ပုံစံတစ်ခုကို ဖန်တီးပြုလုပ်ရတာကို စိတ်ပါဝင်စားခြင်းမရှိပါဘူး။ ဆင်အနည်းငယ်ကသာ ပန်းချီ စတဲ့အနုပညာတွေကို လွတ်လပ်စွာ ရေးဆွဲပြုလုပ်ချင်ကြတာပါ။
နောက်ပြီး သူတို့တွေက အပြင်ဘက်မျဉ်းကြောင်းကိုသာ ရေဆွဲတက်ပြီး ပုံတူဖြစ်အောင် အရောင်တွေကို အနည်းငယ်မျှသာ ခြယ်သနိုင်တာပါ။” လို့ သိရပါတယ်။ ဆင်တစ်ကောင်ကို ပန်းချီရေးဆွဲသင်ပေးတာက ရယ်စရာမဟုတ်ပါဘူး။ သူတို့တွေကို စုတ်တံကို ဘယ်လိုကိုင်ပြီး ဘယ်လိုရေးဆွဲရတယ်ဆိုတာကို train ပေးရတာဟာ ပျော်စရာကောင်းကြောင်း Snopes က ထပ်မံပြောကြားခဲ့ပါတယ်။
Zawgyi
Be the first to comment
Leave a Reply
Your email address will not be published.
*