
အရင်ကဆိုရင်တော့ ဒီချစ်သူစုံတွဲကြောင်လေးနှစ်ကောင်ဟာ တကောင်နဲ့တစ်ကောင် အရမ်းချစ်ချစ်ခင်ခင်နေကြတဲ့ ကြောင်လေးနှစ်ကောင်ပဲဖြစ်ပါတယ်။
ဒါ့အပြင် ဒီကြောင်လေးနှစ်ကောင်ဟာ လူတွေကိုတောင် ဂရုမစိုက်ဘဲ တကောင်နဲ့တစ်ကောင် ပွေ့ဖက်တာတွေ နမ်းရှုံ့တာတွေပြုလုပ်ပြီး အချစ်ခန်းဖွင့်ကြတဲ့ ကောင်လေးနှစ်ကောင်ပဲဖြစ်ပါတယ်။
သို့ပေမယ့် တနေ့မှာတော့ သူတို့နှစ်ဦးရဲ့အနားကို ဘယ်ကမှန်းမသိတဲ့ အခြားကြောင်ထီးတစ်ကောင်ရောက်လာပြီး ရုတ်တရက်ဆိုသလို ကြောင်မလေးနဲ့ ဖောက်ပြန်ခဲ့ကြပါတယ်။
ဒီဖြစ်ရပ်ကို ဘေးနားကနေ မြင်တွေ့နေရတဲ့ ကြောင်ထီးလေးဟာဆိုရင်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိတော့ဘဲ စိတ်ပျက်လက်ပြတ်ဖြစ်ကာ လမ်းဘေး ပလတ်ဖောင်းလေးကိုမှီပြီး ငြိမ်ကြသွားခဲ့ပါတယ်။
၎င်းကြောင်လေးရဲ့မျက်လုံးထဲမှာဆိုရင်လည်း ဝမ်းနည်းနေတဲ့ အရပ်အယောင်တွေ မြင်တွေ့နေရသလို သူဘယ်လောက်ထိ ရင်ကွဲပက်လက်ဖြစ်နေမလဲဆိုတာကိုတော့ ကြောင်မလေးက သိနိုင်မယ်မထင်ပါဘူး။
၎င်းကြောင်ထီးလေးရဲ့ စိတ်ပျက်လက်ပြတ်ဖြစ်နေတဲ့ ပုံရိပ်လေး လူမှုကွန်ယက်ပေါ်မှာ ပျံံနှံ့လာတဲ့အခါမှာဆိုရင်လည်း အင်တာနက်အသုံးပြုသူတွေဟာ ချစ်သူကမျက်စိရှေ့တင်ဖောက်ပြန်လို့ ကြေကွဲနေတဲ့ ကြောင်ထီးလေးရဲ့ ခေါင်းမှာ ဦးထုပ်အစိမ်းရောင်လေး စောင်းပေးပြီး ဟာသပြုလုပ်ခဲ့ကြပါသေးတယ်။
ပရိသတ်တွေလည်း ဒီကြောင်လေးရဲ့ပုံလေးတွေကိုကြည့်ပြီး ရယ်မောချင်သွားလား ဒါမှမဟုတ်ကြောင်လေးနေရာကနေ ထပ်တူခံစားရပြီး ကြေကွဲဝမ်းနည်းသွားရလားဆိုတာ ပြောပြခဲ့ကြဦးနော်။
Leave a Reply