ကားအာမခံသွားလုပ်ရာတွင် ကုမ္ပဏီမှ ကား၏ရှေ့၊ ဘေး၊နောက်ဓာတ်ပုံတွေကို သေချာစွာရိုက်ပေးရန်ပြောသည်ကို သူ၏ပုံကိုရိုက်ခိုင်းသည်ထင်ပြီး သူမ၏ပုံတွေကို ရိုက်ပို့လိုက်သည့်အဖြစ်
တစ်ခါတစ်လေ အမှုမဲ့အမှတ်မဲ့ရှ်ိနေသည့်အချိန်မျိုးတွင် လူတစ်ယောက်က ပြောလိုက်သော စကားများသည် စိတ်၏အထင်ဘက်သို့သာ ရောက်ရှိသွားခဲ့ရတာဖြစ်ပါတယ်။ယခုတွင်လည်း အမျိုးသမီးတစ်ဦး၏ နားလည်မှုအလွဲသည် အတော်လေးရယ်စရာ ကောင်းနေခဲ့ပါတယ်။
အမျိုးသမီးဟာ သူမ၏ကားကို အာမခံထားနိုင်ရန်အတွက် အာမခံကုမ္ပဏီတစ်ခုနှင့် ဆက်သွယ်ခဲ့တာဖြစ်ပါတယ်။ထိုအခါ ကုမ္ပဏီမှလည်း ရှေ့မှပုံ နောက်မှပုံနှင့် ဘေးဘက်ပုံတို့ကို ရှင်းလင်းစွာမြင်အောင် ပုံရိုက်ပို့ပေးရမည်ဟု အကြောင်းပြန်ခဲ့ပါတယ်။အမျိုးသမီးဟာလည်း အာမခံလုပ်သူ၏ပုံကိုတောင်းသည်ထင်ပြီး သူမ၏ပုံတွေကို ရှေ့၊ဘေး၊နောက်တို့ကာ သေချာစွာရိုက်ပြီး အာမခံကုမ္ပဏီကို ပို့ပေးခဲ့တာဖြစ်ပါတယ်။
ထိုအချိန်မှ သူမ၏ကားပုံများကို မှတ်တမ်းတင်သိမ်းဆည်းထားရန် တောင်းဆိုကြောင်း သိခဲ့ရပါတော့တယ်။
Zawgyi
Leave a Reply