
လူတွေဟာ ကားသူခိုးတွေကို လှည့်စားဖို့ သူတို့ရဲ့ကားကိုသံချေးနဲ့ဖုံးအုပ်ပစ်လိုက်တဲ့အထိ လုပ်ရဲကြတယ်ဆိုတော့ တော်ယုံတန်ယုံစကေးမဟုတ်ပါဘူး။
ဒီကားပိုင်ရှင်လိုပေါ့။ဒီVolkswagen T5 Sportline ကားပိုင်ရှင်တစ်ယောက်ဟာ ကားသူခိုးတွေထံမှကာကွယ်ဖို့ သူ့ရဲ့ Vanကားအသစ်ကို သံချေးတွေနဲ့ဖုံးအုပ်ထားဖို့ဆုံးဖြတ်ခဲ့တာပါ။Clyde Wraps အမည်ရှိ UK အခြေစိုက်ဗီနိုင်းဆွဲတဲ့ဆိုင်ရဲ့အကူအညီဖြင့် ကားရာဇဝင်သားတွေရဲ့ခိုးယူခြင်းမှကာကွယ်ဖို့ သူ့ရဲ့ကားတစ်စီးလုံးကို သံချေး၊ အက်ကြောင်း၊ခြစ်ရာတွေ နဲ့ ကားတံခါးပေါက်တွေအဆုံး စုတ်ပြတ်ဟောင်းနွမ်းနေတဲ့ကားအဖြစ်ပြောင်းလဲပစ်ခဲ့ပါတယ်။
“သူ့ရဲ့Van ကားက လူအုပ်ထဲမှာထင်ရှားနေခဲ့တာကြောင့် သံချေးတွေနဲ့ဘာတွေဖြစ်နေတယ်ဆိုတာကိုမေးမြန်းဖို့ ရဲ က သူ့ကို ၃ ရက်လောက်ခေါ်သွားခဲ့တဲ့အကြောင်း ကျွန်တော်တို့ကို ပြောပြရင်း ကျွန်တော်တို့ရဲ့ဖောက်သည်က အရမ်းပျော်နေခဲ့တယ်”လို့ Clyde Wrapsဆိုင်က သူတို့ဝက်ဆိုက်မှာ ပြောပြခဲ့ပါသေးတယ်။
ဒီတော့ ဘယ်သူတွေက Disneyရဲ့ Cars ကာတွန်းရုပ်ရှင်ဇာတ်ကားရဲ့Rusty Cornfuel ဆိုတဲ့ဇာတ်ကောင်နဲ့တူတဲ့အဆိုပါကားကို ခိုးယူပြီးထောင်အကျခံချင်ပါသလဲ။ဒါပေမဲ့ ပြောင်လက်နေတဲ့ကားအသစ်စက်စက်ကိုစီးရတဲ့feelingက ဘယ်အရာနဲ့မှမလဲနိုင်တာကို အဲ့ကားပိုင်ရှင်ကိုတော့ မလေးစားဘဲမနေနိုင်တော့ပါဘူး။
Leave a Reply