ကားသစ်ကြီးကို ဝယ်ယူပြီးနောက်တွင် ရွံ့များမြက်ခြောက်များဖြင့် သုတ်လိမ်းကာ ဒီဇိုင်းပြောင်းပစ်ခဲ့သည့် အသက်၄၇နှစ်အရွယ်အမျိုးသား

ကားသစ်ကြီးကို ဝယ်ယူပြီးနောက်တွင် ရွံ့များမြက်ခြောက်များဖြင့် သုတ်လိမ်းကာ ဒီဇိုင်းပြောင်းပစ်ခဲ့သည့် အသက်၄၇နှစ်အရွယ်အမျိုးသား

လူတိုင်းသည် ပစ္စည်းတစ်စုံတစ်ရာကို ဝယ်ယူပြီးသည့်အချိန်တွင် ပစ္စည်းအသစ်လေးအား ရိုရိုသေသေဖြင့် မပွန်းပဲ့အောင် ကိုင်တွယ်အသုံးပြုတတ်ကြပါသည်။သို့သော်လည်း ထိုင်းနိုင်ငံမှ အသက်၄၇နှစ်အရွယ် အမျိုးသားတစ်ဦးဟာ သူဝယ်ယူလာသည့် ကားသစ်ကြီးကို ရွံ့များ မြက်ခြောက်များဖြင့် သုတ်လိမ်းပြီး ပုံစံပြောင်းလဲပစ်ခဲ့ပါတယ်။

ထို့နောက်တွင် လူအများဟာလည်း ကားကို သတိပြုမိလာကြပြီး ဓာတ်ပုံရိုက်ပြီး လိုင်းပေါ်တွင် တင်လာကြပါတယ်။ထို့နောက်တွင် ကား၏ပုံစံအားမြင်တွေ့သူတိုင်းသည် အမျိုးသားကိုသာ အမျိုးမျိုးဝေဖန်ပြောဆိုနေခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့များဟာလည်း အမျိုးသား၏ ကားအား ပြောင်းလဲပုံသည် အန္တရာယ်မရှိနိုင်သည့် ပြုလုပ်မှုမျိုးဖြစ်သည့်အတွက် အရေးယူမှုပြုလုပ်ရန်မရှိဘူးဟု သိရပါတယ်။အမျိုးသားဟာ ဘာကြောင့်ကားကို ထိုကဲ့သို့ပြုလုပ်ရသည်ဆိုတာကိုတော့ သိရှိရခြင်း မရှိသေးပါဘူး။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*