ကားလမ်းဖြတ်ကူးဖို့ အဆင်မပြေဖြစ်နေတဲ့အဘွားအိုအား မတုံ့ဆိုင်းဘဲ အပြေးသွားကာ ကူညီပေးခဲ့လို့ လူအများရဲ့ချစ်ခြင်းကို ခံနေရတဲ့ ဆယ်ကျော်သက်ကောင်လေး(ရုပ်သံ)

ကားလမ်းဖြတ်ကူးဖို့ အဆင်မပြေဖြစ်နေတဲ့အဘွားအိုအား မတုံ့ဆိုင်းဘဲ အပြေးသွားကာ ကူညီပေးခဲ့လို့ လူအများရဲ့ချစ်ခြင်းကို ခံနေရတဲ့ ဆယ်ကျော်သက်ကောင်လေး(ရုပ်သံ)

လူတစ်ဦးတစ်ယောက်ဟာ အခြားလူတစ်ဦးတစ်ယောက်ထံမှ ဘာတစ်စုံတစ်ရာမှကို မမျှော်လင့်ထားခြင်းမရှိဘဲ ၎င်းအား စေတနာသန့်သန့်ဖြင့် အကူအညီပေးနေခြင်းကို မြင်တွေ့ရခြင်းဟာ အလွန်ကိုမှ လှပတဲ့အရာတစ်ခုဘဲဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စု Arizona ပြည်နယ် Tuscon မြို့ရှိ အသက် ၁၃နှစ်အရွယ် Dashawn Butler အမည်ရှိတဲ့ကောင်လေးတစ်ဦးဟာ သူ့ရဲ့ကြင်နာလွန်းတဲ့လုပ်ရပ်တစ်ခုကြောင့် သူဟာ အင်တာနက်သုံးစွဲသူများအကြားမှာ sweet guy အဖြစ် နာမည်ကြီးသွားခဲ့ပါတယ်။Shopping Mall တစ်ခုရဲ့ car parking နေရာမှာရှိနေတဲ့ Dashawn က ရပ်ထားတဲ့သူမရဲ့ကားရှိရာနေရာသို့သွားရန် ကားလမ်းဖြတ်ကူးဖို့ လုပ်နေတဲ့အဘွားအိုတစ်ဦးကို အမှတ်မထင် တွေ့ရှိသွားခဲ့ပါတယ်။

“ အဘွားက သူမရဲ့ကားရှိရာနေရာဆီကို မသွားနိုင်ဘူးလို့ တွေးနေပုံရတယ်” လို့ Dashawn က KOLD သတင်းသို့ ပြောပြခဲ့ပါတယ်။အဘွားဟာ သူမရဲ့အသက်အရွယ်ကြောင့် ယာဉ်ရပ်နားရာနေရာမှာ ပြဿနာအနည်းငယ်ကို ကြုံတွေ့ခဲ့ရပြီး သူမကိုယ်သူမ အားလိုအားမရဖြစ်ကာ အနည်းငယ်စိတ်ပျက်အားလျော့နေခဲ့ရပါတယ်။အဘွားရဲ့အဖြစ်ကိုမြင်နေတဲ့ Dashawn ဟာ အဝေးကနေ လှမ်းသနားနေမဲ့အစား အဘွားဆီသို့သွားကာ ကူညီပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။၎င်းအဘွားရဲ့အခြေအနေကိုကြည့်ပြီး ကူညီပေးဖို့လုပ်ခဲ့တဲ့ Dashawn နှင့်အဘွားတို့ရဲ့အဖြစ်အပျက်တစ်ခုလုံးကို မိခင်ဖြစ်သူ Maria Lopez က ကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်။

Shopping Mall မှ အိတ်တစ်လုံးဆွဲရင်း ထွက်လာခဲ့တဲ့ Dashawn ဟာ အဆိုပါအဘွားအား မြင်လိုက်ရတဲ့အခါ ချက်ချင်းဘဲ လက်ထဲက အိတ်ကို ပစ်ချကာ အဘွားအား အပြေးလေးသွားပြီး ကူညီပေးခဲ့ပါတယ်။ကြင်နာတတ်တဲ့သားလေးရဲ့အပြုအမူကြောင့် မိခင်ဖြစ်သူဟာ ဂုဏ်ယူမဆုံးဖြစ်နေခဲ့ရပါတယ်။“ သားလေးရဲ့လုပ်ရပ်ကို မြင်လိုက်ရတော့ ကျွန်မသားလေးက အရမ်းကို ကြင်နာပြီး သဘောကောင်းတာဘဲလို့ ဂုဏ်ယူနေခဲ့ရတယ်” လို့ မိခင်ဖြစ်သူက ဆိုထားပါတယ်။

ထို့နောက် Maria Lopez ဟာ ၎င်းဖြစ်ရပ်ကို မှတ်တမ်းတင်ထားခဲ့ပြီး social media ပေါ်သို့ ပြန်လည်မျှဝေလိုက်ပြီးနောက် အင်တာနက်အသုံးပြုသူများက ကြင်နာတတ်တဲ့ Dashawn ကို ချီးမွမ်းကာ သဘောကျမဆုံးဖြစ်ခဲ့ကြသလို မိခင်ဖြစ်သူကိုလည်း ထို့ကဲ့သို့သော လူကောင်းမျိုးကို မွေးထုတ်ပေးလို့လည်း ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ကြပါသေးတယ်။

အဆိုပါဗီဒီယိုဟာ commentပေါင်း ၆,၀၀၀ ကျော်နှင့် Likeပေါင်း ထောင်နှင့်ချီကာ ရရှိခဲ့ပါတယ်။ထို့နောက် ABC13 သတင်းက ၎င်းအဖြစ်အပျက်နှင့်ပတ်သက်ပြီး Dashawn အား ဂုဏ်ယူသောအားဖြင့် Dashawn နှင့်တွေ့ဆုံမေးမြန်းတဲ့အခါ Dashawn က သူဟာ တစ်စုံတစ်ဦးကို ကူညီပေးဖို့သတ်သတ်သာလုပ်ခဲ့ပေမဲ့ သူ့ရဲ့သတင်းက အခုလို လူသိများသွားခဲ့မယ်လို့ မထင်ထားခဲ့တာကြောင့် အတော်လေးအံ့အားသင့်ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

ဟုတ်ပါတယ် ၊ လူကောင်းတွေက ကူညီစရာရှိတာကို ဘာမှမမျှော်လင့်ဘဲ ကူညီပေးလိုက်ပေမဲ့ ဘေးကမြင်ရသူအဖို့ကတော့ ၎င်းအပြုအမူဟာ အတော်လေးကို ကြင်နာကြောင်းကို ပြသနေတတ်ပါတယ်။ဒါကြောင့် စာဖတ်သူတို့လည်း လူ့ဘဝဟာ တိုတောင်းလှတာကြောင့် စိတ်ကောင်းကောင်းလေးထားပြီး အမြင်မတော်တာလေးတွေရှိနေရင် အမြန်ကူညီပေးလိုက်ခြင်းက သင့်ရဲ့စိတ်ကို ပီတိစေကာ ရွှင်လန်းတက်ကြွလာသလို ခံစားမိသွားစေမှာပါ။

Zawgyi

ကားလမ္းျဖတ္ကူးဖို႔ အဆင္မေျပျဖစ္ေနတဲ့အဘြားအိုအား မတုံ႔ဆိုင္းဘဲ အေျပးသြားကာ ကူညီေပးခဲ့လို႔ လူအမ်ားရဲ႕ခ်စ္ျခင္းကို ခံေနရတဲ့ ဆယ္ေက်ာ္သက္ေကာင္ေလး(႐ုပ္သံ)

လူတစ္ဦးတစ္ေယာက္ဟာ အျခားလူတစ္ဦးတစ္ေယာက္ထံမွ ဘာတစ္စုံတစ္ရာမွကို မေမွ်ာ္လင့္ထားျခင္းမရွိဘဲ ၎အား ေစတနာသန္႔သန္႔ျဖင့္ အကူအညီေပးေနျခင္းကို ျမင္ေတြ႕ရျခင္းဟာ အလြန္ကိုမွ လွပတဲ့အရာတစ္ခုဘဲျဖစ္ပါတယ္။အေမရိကန္ျပည္ေထာင္စု Arizona ျပည္နယ္ Tuscon ၿမိဳ႕ရွိ အသက္ ၁၃ႏွစ္အ႐ြယ္ Dashawn Butler အမည္ရွိတဲ့ေကာင္ေလးတစ္ဦးဟာ သူ႔ရဲ႕ၾကင္နာလြန္းတဲ့လုပ္ရပ္တစ္ခုေၾကာင့္ သူဟာ အင္တာနက္သုံးစြဲသူမ်ားအၾကားမွာ sweet guy အျဖစ္ နာမည္ႀကီးသြားခဲ့ပါတယ္။Shopping Mall တစ္ခုရဲ႕ car parking ေနရာမွာရွိေနတဲ့ Dashawn က ရပ္ထားတဲ့သူမရဲ႕ကားရွိရာေနရာသို႔သြားရန္ ကားလမ္းျဖတ္ကူးဖို႔ လုပ္ေနတဲ့အဘြားအိုတစ္ဦးကို အမွတ္မထင္ ေတြ႕ရွိသြားခဲ့ပါတယ္။

“ အဘြားက သူမရဲ႕ကားရွိရာေနရာဆီကို မသြားႏိုင္ဘူးလို႔ ေတြးေနပုံရတယ္” လို႔ Dashawn က KOLD သတင္းသို႔ ေျပာျပခဲ့ပါတယ္။အဘြားဟာ သူမရဲ႕အသက္အ႐ြယ္ေၾကာင့္ ယာဥ္ရပ္နားရာေနရာမွာ ျပႆနာအနည္းငယ္ကို ႀကဳံေတြ႕ခဲ့ရၿပီး သူမကိုယ္သူမ အားလိုအားမရျဖစ္ကာ အနည္းငယ္စိတ္ပ်က္အားေလ်ာ့ေနခဲ့ရပါတယ္။အဘြားရဲ႕အျဖစ္ကိုျမင္ေနတဲ့ Dashawn ဟာ အေဝးကေန လွမ္းသနားေနမဲ့အစား အဘြားဆီသို႔သြားကာ ကူညီေပးဖို႔ဆုံးျဖတ္ခဲ့ပါတယ္။၎အဘြားရဲ႕အေျခအေနကိုၾကည့္ၿပီး ကူညီေပးဖို႔လုပ္ခဲ့တဲ့ Dashawn ႏွင့္အဘြားတို႔ရဲ႕အျဖစ္အပ်က္တစ္ခုလုံးကို မိခင္ျဖစ္သူ Maria Lopez က ကိုယ္တိုင္ျမင္ေတြ႕ခဲ့ရပါတယ္။

Shopping Mall မွ အိတ္တစ္လုံးဆြဲရင္း ထြက္လာခဲ့တဲ့ Dashawn ဟာ အဆိုပါအဘြားအား ျမင္လိုက္ရတဲ့အခါ ခ်က္ခ်င္းဘဲ လက္ထဲက အိတ္ကို ပစ္ခ်ကာ အဘြားအား အေျပးေလးသြားၿပီး ကူညီေပးခဲ့ပါတယ္။ၾကင္နာတတ္တဲ့သားေလးရဲ႕အျပဳအမူေၾကာင့္ မိခင္ျဖစ္သူဟာ ဂုဏ္ယူမဆုံးျဖစ္ေနခဲ့ရပါတယ္။“ သားေလးရဲ႕လုပ္ရပ္ကို ျမင္လိုက္ရေတာ့ ကြၽန္မသားေလးက အရမ္းကို ၾကင္နာၿပီး သေဘာေကာင္းတာဘဲလို႔ ဂုဏ္ယူေနခဲ့ရတယ္” လို႔ မိခင္ျဖစ္သူက ဆိုထားပါတယ္။

ထို႔ေနာက္ Maria Lopez ဟာ ၎ျဖစ္ရပ္ကို မွတ္တမ္းတင္ထားခဲ့ၿပီး social media ေပၚသို႔ ျပန္လည္မွ်ေဝလိုက္ၿပီးေနာက္ အင္တာနက္အသုံးျပဳသူမ်ားက ၾကင္နာတတ္တဲ့ Dashawn ကို ခ်ီးမြမ္းကာ သေဘာက်မဆုံးျဖစ္ခဲ့ၾကသလို မိခင္ျဖစ္သူကိုလည္း ထို႔ကဲ့သို႔ေသာ လူေကာင္းမ်ိဳးကို ေမြးထုတ္ေပးလို႔လည္း ေက်းဇူးတင္ေၾကာင္း ေျပာဆိုခဲ့ၾကပါေသးတယ္။

အဆိုပါဗီဒီယိုဟာ commentေပါင္း ၆,၀၀၀ ေက်ာ္ႏွင့္ Likeေပါင္း ေထာင္ႏွင့္ခ်ီကာ ရရွိခဲ့ပါတယ္။ထို႔ေနာက္ ABC13 သတင္းက ၎အျဖစ္အပ်က္ႏွင့္ပတ္သက္ၿပီး Dashawn အား ဂုဏ္ယူေသာအားျဖင့္ Dashawn ႏွင့္ေတြ႕ဆုံေမးျမန္းတဲ့အခါ Dashawn က သူဟာ တစ္စုံတစ္ဦးကို ကူညီေပးဖို႔သတ္သတ္သာလုပ္ခဲ့ေပမဲ့ သူ႔ရဲ႕သတင္းက အခုလို လူသိမ်ားသြားခဲ့မယ္လို႔ မထင္ထားခဲ့တာေၾကာင့္ အေတာ္ေလးအံ့အားသင့္ခဲ့ရေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဟုတ္ပါတယ္ ၊ လူေကာင္းေတြက ကူညီစရာရွိတာကို ဘာမွမေမွ်ာ္လင့္ဘဲ ကူညီေပးလိုက္ေပမဲ့ ေဘးကျမင္ရသူအဖို႔ကေတာ့ ၎အျပဳအမူဟာ အေတာ္ေလးကို ၾကင္နာေၾကာင္းကို ျပသေနတတ္ပါတယ္။ဒါေၾကာင့္ စာဖတ္သူတို႔လည္း လူ႔ဘဝဟာ တိုေတာင္းလွတာေၾကာင့္ စိတ္ေကာင္းေကာင္းေလးထားၿပီး အျမင္မေတာ္တာေလးေတြရွိေနရင္ အျမန္ကူညီေပးလိုက္ျခင္းက သင့္ရဲ႕စိတ္ကို ပီတိေစကာ ႐ႊင္လန္းတက္ႂကြလာသလို ခံစားမိသြားေစမွာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*